Culture / Art Republik

Urban အနုပညာရှင် Kongo၏ အာရှတိုက်အပေါ် ချစ်ခြင်းမေတ္တာ

ပဲရစ်အခြေစိုက်ကိုယ်ပိုင်သင်ကြားခဲ့သည့်အနုပညာရှင်သည်လမ်းများပေါ်တွင်ပန်းချီရေးဆွဲခြင်းမှစတင်ခဲ့သည်။ Richard Mille နှင့် Pierre-Alexis Dumas တို့ကိုသူ၏သူငယ်ချင်းများအဖြစ်မှတ်ယူအပြီးမှာယခုအရှေ့တောင်အာရှတွင်သူ၏အမြင်များ စိုက်နေထားသည်။

Aug 13, 2020 | ရေးသားသူ - Nina Starr

Karl Largerfeld ရဲ့စတူဒီယိုထဲမှာ Kongo ။ Laurent Segretier မှဓာတ်ပုံ

Kongo ခေါ် Cyril Phan သည် သူ့အနုပညာ ဖန်တီးမှု နေရာနှင့် ပတ်သက်၍ ဘယ်သောအခါမျှ ရွေးချယ်ခြင်း မရှိခဲ့ပါ။ သူသည်နံရံ၊ ပန်းချီဆွဲ canvas ၊ ဆိုင်ခန်းပြတင်းပေါက်၊ ပင်စည်၊ အ ၀တ်အစား၊ အိတ်၊ ပဝါ၊ ကျောက်မျက်ရတနာ၊ ရှမ်ပိန်ပုလင်း၊ လေယာဉ်ပျံ စသည် အရာအားလုံးပေါ်တွင် ရေးဆွဲခဲ့သည်။ သူသည် ပြင်သစ် ကုန်အမှတ်တံဆိပ်များ ဖြစ်သော Chanel, Hermès, Richard Mille, Daum နှင့် La Cornue တို့နှင့်ပူးပေါင်းပြီး ဥရောပရိုးရာကျွမ်းကျင်မှုကို ပြသနေသည်။ အသက် ၅၁ နှစ် ရှိပြီ ဖြစ်သော ပြင်သစ် – ဗီယက်နမ်အနုပညာရှင်က နေ့စဉ်သုံးအရာဝတ္ထုတစ်ခုကို သင့်တင့်လျောက်ပတ်စွာ အနုပညာလက်ရာတစ်ခုအဖြစ် အသွင်ပြောင်းနိုင်ခြင်းကို နှစ်သက်သည်။ ၎င်းသည် ဘဝကို လှပစေသည်။ သူသည် ပန်းချီနှင့် အရေးအသားပေါင်းစပ်ထားသော သူ၏ သရုပ်ဖော်အက္ခရာများအတွက် နာမည်ကောင်းရရှိခဲ့သည့် Parisian Graffiti အနုပညာမြင်ကွင်းကို စောစီးစွာ ထောက်ခံခဲ့သည်။ သူသည် မြင့်မားသောနေရာများသို့ တက်လှမ်းခဲ့ပြီးအရောင်များ၊ ပုံစံများနှင့်အက္ခရာများဖြင့် ပြည့်နှက်နေသော ဘာသာစကားတစ်ခုနှင့်တစ်ခု ကွဲပြားသော စကြဝဠာများကို ပြန်လည်အနက်ဖွင့်ခဲ့သည်။ ယခု သူသည် စင်ကာပူတွင် atelier-showroom နှင့် Hanoi ရှိ Boutique-Gallery ကို ဖွင့်ရန် စီစဉ်နေစဉ် သူ၏အာရှအမွေအနှစ်ကို အာရုံစိုက်လိုက်သည်။

ဤပြခန်းများသည် အရှေ့တောင်အာရှရှိ ရှေးဟောင်းလက်ရာများအား သူ၏ပျော်ရွှင်ဖွယ်၊ လုံ့လရှိသူနှင့်အကောင်းမြင်ထိတွေ့မှုကို ပြသရန် ဖြစ်သည်။ Covid-19 အကျပ်အတည်းကာလအတွင်း သူ့အသက်တာကို သိရန်နှင့် လူ့အဖွဲ့အစည်းနှင့် အနာဂတ်ကို ပြန်လည်ပေးဆက်ရန် သူ၏အစီအစဉ်များကို ပြောပြခဲ့သည်။

Urban အနုပညာရှင် Kongoအာရှတိုက်အပေါ် ချစ်ခြင်းမေတ္တာ

Corona ဗိုင်းရပ်စ်အသစ် ပြန့်ပွားမှုကို ရပ်တန့်ရန် ပြင်သစ်တွင် ထားရှိသည့် quarantine မှာ Kongo ယ်လို အသက်ရှင် နေထိုင်ခဲ့သလဲ

ပထမလက အတင်းအကျပ် အနားယူတဲ့ လတစ်လဖြစ်လို့ ၂၀၁၉ ခုနှစ်မှာ ကျွန်တော့် ကိုအရှိန်လျော့စေခဲ့တယ်။ ဒုတိယလမှာ၊ စတူဒီယိုအနားမှာ နေတဲ့အချိန်မှာ၊ ကျွန်တော့် စတူဒီယိုကို တိုက်ရိုက်သွားခဲ့တယ်။ ကြီးမားတဲ့ format နဲ့ ပုံဆွဲ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအခါ ထောင်ပေါင်းများစွာသော လူတို့၏အသက်ကိုကယ်ဆယ်နိုင်သည့်အတွက် ဆရာဝန်များအား ကျေးဇူးတင်ရှိခဲ့ပါတယ်။ ဒါနဲ့ ပဲရစ်ဆေးရုံတွေကို စီမံကိန်းတစ်ခု အဆိုပြုခဲ့တယ်။ ပဲရစ်ဆေးရုံတွေကို ပန်းချီကားတစ်ချပ် လှူခဲ့တယ် – ပြင်သစ်ဆေးရုံဖောင်ဒေးရှင်းနဲ့၊ ဒီဆေးရုံတွေကို ကူညီဖို့ ရန်ပုံငွေရှာဖို့ လေလံတင် ရောင်းချခဲ့တယ်။ ကျွန်တော့် ရဲ့ ဒုတိယပဏာမခြေလှမ်းကတော့ သူနာပြု ၀န်ထမ်းတွေကို တိုက်ရိုက်ကျေးဇူးတင်ရန် Lariboisière ဆေးရုံမှာ Installation လုပ် ဖြစ်သည်။ လက်ရှိ ကျွန်တော့် website ကတဆင့် အဲဒီ Digigraph ကို ရောင်းနေတယ်။ အမြတ်အစွန်းအားလုံး ဆေးရုံကို လှူဒါန်းမယ်။ ဒီဆေးဘက်ဆိုင်ရာ ပညာရှင်တွေက မျက်နှာဖုံးစွပ်မရှိဘဲ လူအများအပြားကို PPE တခု ကို ပဲ နေ့စဉ်ဝတ်ဆင်ကြပြီး ကုသနေ တယ် ။ များသောအားဖြင့်သူတို့က PPE ကိုတစ်ခုချင်းစီပြောင်းလဲရန် လိုအပ်တယ်။ သူတို့က အလုပ်ခွင်မှာစားဖိုမှူးအဝတ်များ ဝတ်ဆင်နေရတယ်။ ပြင်သစ်လိုနိုင်ငံမျိုးမှာ စိတ်ပျက်ဖွယ် ကောင်းတယ်။ ဒါကြောင့် ကူညီချင်ခဲ့ပေမယ့် အရမ်းအကူအညီမဲ့တယ်လို့ ခံစားရတယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ ကူညီချင်တယ်၊ ဒါကြောင့် လုပ်နိုင်တာကို လုပ်ခဲ့တယ်။ ပန်းချီကား အများကြီး ဆွဲခဲ့တယ်။ တစ်နေရာတည်းမှာ နေခဲ့သောကြောင့် ဖန်တီးဖို့ ပိုမိုလွယ်ကူခဲ့ပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်က ခရီးတွေသွားတယ်၊ အလုပ်အတွက် လူတွေနဲ့ တွေ့တယ်၊ ပြည်ပခရီးတွေ သွားနေရပါတယ်။ ကျွန်တော့်ရဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ၊ ကျွန်တော်လုပ်ချင်တဲ့ အရာလေးတွေကို အိမ်မှာနေရတဲ့ ဒီ ၂ လအတွင်း လုပ်ဖြစ်ခဲ့တယ်။

အနုပညာလက်ရာရဲ့ အကြောင်းအရာက ပြောင်းသွားသလား။

ကျွန်တော် လက်ရှိကာလကို ပုံဖော်ဖို့ Confinement လို့ခေါ်တဲ့ Series တစ်ခုကို စက္ကူပေါ်မှာ ရေးဆွဲထားတယ်။ ကျွန်တော် လက်ရှိဖြစ်နေတဲ့ ကာလကို ပုံဖော်ဖို့ တစ်နေ့ကို တစ်ပုံတော့ ပြီးအောင် ဆွဲဖို့ ကြိုးစားတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ၊ မျိုးဆက်ပေါင်းများစွာဟာ ကမ္ဘာကြီး ဒီလို ရပ်တန့်သွားတာမျိုး မကြုံဖူးခဲ့ဘူး။ ဒီမတိုင်ခင်က ဘယ်နိုင်ငံ၊ အစိုးရ၊ လူတစ်ဦးတယောက်ကမှ ဒီလို ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ဘူး။ အရင်နဲ့  နှိုင်းယှဉ်ရင် ကြီးမားတဲ့ အပြောင်းအလဲတွေ ကြုံတွေ့ရနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးက အခုမှ လေထုညစ်ညမ်းမှုတွေကနေ ခဏတာ အနားရတယ်။ ဆက်သွယ်ရေးပုံစံအသစ်တွေနဲ့ စားသုံးမှုပုံစံအသစ်တွေ ဖြစ်လာတယ်။ ဒီလို အိမ်တွင်းအောင်းနေရချိန်မှာ Instagram Live တွေကနေ အနုပညာရှင်တွေ က ဖန်တီးမှုတွေ ဖလှယ်ကြတာ အရမ်းစိတ်၀င်စားစရာကောင်းတယ်။ ကူးစက်ရောဂါဟာ ကောင်းလား၊ဆိုးလားတော့ ကျွန်တော် မပြောနိုင်ဘူး။  ဒါပေမယ့် 2021 ၏ကမ္ဘာကြီး က 2019 ကဲ့သို့တူညီလိမ့်မည်မဟုတ်တာသေချာပါတယ်။

ဒီလိုအခြေအနေမျိုးမှာအနုပညာရှင်တွေဘယ်လိုအခန်းကဏ္ဍကနေပါဝင်နိုင်မလဲ။

ကျွန်တော်တို့ နေထိုင်နေတဲ့ စိုးရိမ်ဖွယ်ရာ ကမ္ဘာမှာ ကျွန်တော်တို့ အနုပညာရှင်များက စိတ်လှုပ်ရှားစရာကောင်းတဲ့၊ ပျော်စရာကောင်းတဲ့၊ အပြုသဘောဆောင်တဲ့ စိတ်လှုပ်ရှားမှုအချို့ကို ကမ်းလှမ်းရန်လိုအပ်တယ်။ ဥပမာအားဖြင့်၊ စိတ်ဖိစီးတဲ့အခါ ကျွန်တော်က ဝိုင်ခွက်တစ်ခွက်သောက်ပြီး ဒိန်ခဲကို စားချင်တယ်။ လူတွေဟာ သူတို့အိမ်မှာ အပြင်အဆင်ကိုပြောင်းလဲလိုက်ဖို့ လက်ရှိ အချိန်ကာလကို ပုံဖော်ထားတဲ့ ပန်းချီကားတစ်ချပ်ကိုပိုင်ဆိုင်တာဟာ စိတ်ဖိစီးမှုတွေကို အထိုက်အလျောက် ဖယ်ရှားပေးနိုင်မယ်လို့ထင်တယ်။ ဒီလိုအခြေအနေမျိုးမှာအနုပညာရှင်တစ်ဦး ပေးနိုင်တာက အလှအပလေးတစ်ခုကို ကမ္ဘာထဲကို သယ်ဆောင်လာပြီး စိတ်ဓာတ်တက်ကြွစေတဲ့အရာတွေပါ။ ဒါကအရေးကြီးတယ်။ လူတွေက သတင်းကို အမြဲတမ်း ကြည့်မယ်ဆိုရင် အရမ်းစိုးရိမ်စရာ ဖြစ်စေတယ်။ အရေးကြီးတဲ့မီဒီယာတွေမှာတောင် အတုအယောင်သတင်းတွေ အများကြီးရှိနေပါတယ်။

Kongo လမ်းပေါ် ပန်းချီရေးရာကနေ အနုပညာပြခန်းတွေ၊ အသိအမှတ်ပြုမှုတွေ ရလာအောင် ဘယ်လိုလုပ်ခဲ့ရလဲ။

စိတ်ခွန်အားတွေ အများကြီးနဲ့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့အနုပညာပြခန်းတွေက အဓိကရည်မှန်းချက်မဟုတ်ပါဘူး။ အဆုံးစွန်ရည်မှန်းချက်က မိမိကိုယ်ကို ဆက်လက်ဖော်ပြဖို့၊ လူများနိုင်သမျှ များများမြင်နိုင်ဖို့နဲ့ကိုယ့်ရဲ့အနုပညာကို တတ်နိုင်သမျှ နေရာများများမှာ ဖော်ပြနိုင်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ပြခန်းတွေမှာ ပြနိုင်ရုံနဲ့ မကျေနပ်နိုင်သေးပါဘူး။ ဒါပေမဲ့ အသိအမှတ်ပြုမှုတွေရလာတာ၊ အောင်မြင်မှုတွေ ရရှိလာတာတော့ ဝမ်းသာပါတယ်။

အမှတ်တံဆိပ်တွေနဲ့ အတူ ပူးပေါင်းလုပ်တဲ့ အကြောင်းကို ပြောတာမတွေ့ဘူး။ ဒါပေမယ့် မတူညီတဲ့ အနုပညာ ဖန်တီးသူများအကြား တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ဘာကိုဆိုလိုတာလဲ

ကျွန်ုပ်နဲ့ အတူအောင်မြင်နိုင်ခဲ့သော ပူးပေါင်းဆောင်ရွက်မှုအားလုံးက အမှန်စင်စစ် အခြားလောက များနဲ့တွေ့ဆုံမှုများဖြစ်တယ် ။ ဆုံးဖြတ်ချက်ချသူတွေနဲ့ ကျွန်တော်အကြံဥာဏ်တွေ ဖလှယ်ခဲ့ကြတယ်။ အဲဒါကကျွန်တော်တို့ရဲ့ ကမ္ဘာနှစ်ခုကြားက တံတားတစ်ခု ဖန်တီးလိုက်သလိုပါပဲ။ ဥပမာအားဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေကို စျေးကွက်ရှာဖွေရေးအဖွဲ့မှ လုပ်ဆောင်တာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီလိုမျိုး ကျွန်တော့်ဆီကို ယူလာတဲ့ စီမံကိန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ကျွန်တော် ငြင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင်မှုတွေက ပထမဦးဆုံး တစ်ဦးချင်း တွေ့ဆုံမှု၊ စစ်မှန်မှု၊ သမာဓိရှိဖန်တီးမှု ပြီးတော့မှသာ အရောင်း ဒါမှမဟုတ် စျေးကွက်ရှာဖွေရေးအလုပ်ကို တဆင့်လာတယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော့အလုပ် မဟုတ်ဘူး။ ဒါပေမယ့်နောက်မှလာပါတယ်။ ဒါကြောင့် ကျွန်တော်က အမှတ်တံဆိပ်အကြောင်း စဉ်းစားနေတယ်ဆိုရင်တောင်မှ အမှတ်တံဆိပ်နဲ့ ပူးပေါင်းမယ့်အကြောင်း ပြောရတာ မကြိုက်ဘူး။ အမှတ်တံဆိပ်တွေက အရေးကြီးတယ်။ ဒါဟာအမှန်ပဲ။  ဒါပေမယ့် အားလုံးထက် အရေးကြီးတာ လူတယောက်ရဲ့ အမြင်ပဲ။ ဒီအမြင်က ကုန်အမှတ်တံဆိပ်၏အတိုင်းအတာအပေါ် မူတည်တယ်။ နောက်ဆုံး လူတွေက ကျွန်တော်တို့ကို ကုန်အမှတ်တံဆိပ်တွေလို မြင်လာဖို့ လိုတယ်။ အရာအားလုံးကိုဖော်ပြချင်တယ်။ ကျွန်တော်တို့အတွက်တော့ ကျွန်တော်တို့ လုပ်နိုင်သလောက် လုပ်ပြီး ကျွန်တော်တို့ ပေးနိုင်သလောက် ပေးသွားချင်တယ်။ ကျွန်တော့်ရဲ့ စိတ်ကူးက သက်သက်သာသာ နေရာက ရုန်းထွက်ပြီး ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ အနုပညာကမ္ဘာတွေကို ပိုမိုတိုးတက်အောင် လုပ်ချင်တယ်။ ဒါကြောင့် “street အနုပညာ” ဆိုတဲ့ နာမည်ကို မကြိုက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့အဲဒါက ကန့်သတ်ချက်တွေချပြီး လမ်းပေါ်မှာကန့်သတ်ထားလို့ပဲ။ ဟုတ်တယ်၊ ကျွန်တော့ရဲ့ DNA ထဲမှာ၊နှစ်ပေါင်း ၃၀ နီးပါး လမ်းပေါ်မှာ အလုပ်တွေကို ဖန်တီးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်အတွက် နယ်နိမိတ်တွေ တကယ်တော့ မရှိဘူး။ အဲဒါကြောင့် Street အနုပညာပြပွဲတွေ၊ အုပ်စုလိုက်ပြပွဲတွေမှာ သိပ်ပြီးမရောထွေးဘူး။ အဲဒါကိုဖျက်ပစ်လိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ကို ဆွဲထားတာ တွေ့ရတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော့ရဲ့အနုပညာက အခုအနုပညာကို အံ့သြစရာကောင်းလောက်အောင် ယူဆောင်လာဖို့ဖြစ်တယ်။ အားလုံးထက် ပိုမိုထူးချွန်ဖို့ ရည်ရွယ်ခဲ့တယ်။ ကျွန်တော့်အတွက်ကတော့ ဂရပ်ဖီတီက အမြဲတမ်းထူးချွန်မှုအတွက် ရည်ရွယ်တယ်။ ကျွန်ုပ်ရဲ့ MAC collective  နဲ့ နံရံကြီးတွေကို ကျွန်တော်တို့ ပန်းချီဆွဲတဲ့အခါအခြားအနုပညာရှင်တွေနဲ့ အပြုသဘောဆောင်တဲ့ ယှဉ်ပြိုင်မှု ရှိခဲ့ပြီး သူတို့ရှေ့မှာ ကျွန်တော်တို့ လေးစားရလောက်အောင် လုပ်ပြချင်ခဲ့တယ်။ ကျွန်တော် တူညီတဲ့ စွမ်းအင်တွေနဲ့ ရှေ့ဆက်ခဲ့ပြီး နာရီများ၊ ပိုး၊ ကျောက်သလင်းများနဲ့ အထူးသဖြင့် ရိုးရာဓလေ့ထုံးစံတွေနဲ့ ပေါင်းကူးတံတားတွေ ဖန်တီးဖြစ်တယ်။ ဥပမာအားဖြင့် La Cornue နှင့်အတူ ပူးပေါင်းလုပ်ကြဖို့ မမျှော်လင့်ထားခဲ့ဖူးဘူး။ Cooking စန္ဒရားလုပ်ဖို့ပဲ  မျှော်လင့်ပေမဲ့ အဲ့တာထက်ကျော်လွန်သွားတာက ကြွေပြားနဲ့ သတ္တုစပ်လုပ်တဲ့ သူတို့ရဲ့စွမ်းရည်နဲ့ နည်းပညာတွေမှာ ဘဝကိုမြှုပ်နှံခဲ့တဲ့လူတွေအကြားမှာ ရောက်ခဲ့တယ်။ ဒါကကို့ကိုလှုံ့ဆော်ပေးသောအရာနှင့်အမှန်တကယ်လူတွေကိုဖော်ပြချင်သောအရာပါပဲ။

Antoine de Saint Exupéry လူငယ်ဖောင်ဒေးရှင်းနှင့်အတူပူးပေါင်း ပြီး Nord 1000 လေယာဉ်ပျံ အဟောင်း ကို ဆေးချယ်ခဲ့ တယ်…

စိတ်ကူးကတော့ မျက်စိမမြင်တဲ့သူတွေအတွက် Little Prince အနုပညာစာအုပ် ထုတ်ဝေဖို့ ရန်ပုံငွေရှာဖို့ ဖြစ်တယ်။ ကျွန်တော့အဘိုး မျက်စိကွယ်တယ်။ သူကဗီယက်နမ်မှာ ဗုံးနင်းမိပြီး မျက်စိကွယ်သွားတယ်။ ကလေးဘဝတုန်းက သူ့ကို သတင်းစာ ဖတ်ပြပေးခဲ့ရတယ်၊ ဒါကြောင့် စိန့် Exupéry ဖောင်ဒေးရှင်းက ဒီစီမံကိန်းကိုကျွန်တော့်ကို အဆိုပြုတဲ့အခါ သူက ကျွန်တော့်ဘဝကို ဦးတည်နေပြီး အများအကျိုးရှိမှာဖြစ်လို့ လက်ခံခဲ့တယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ အရေးကြီးဆုံးက သူများအတွက် အမှုဆောင်ခြင်းနဲ့ လူတွေကိုလှုံ့ဆော်ပေးနိုင်ခြင်းပဲလို့ ယုံကြည်တယ်။

Kongo portrait by Pramith Lokuge

အာရှနဲ့ နီးနီးကပ်ကပ်ဆက်ဆံမှုက ဘယ်အချိန်က စတင်ခဲ့သလဲ

ကျွန်တော်က အာရှသားတစ်ဝက်ပါ။ အဖေကဗီယက်နမ်ဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်ကအာရှ၊ အထူးသဖြင့်အရှေ့တောင်အာရှနဲ့ မိသားစုထက်ဝက်လောက်က အမြဲတမ်း ဆက်စပ်နေတယ်။ ကျွန်ုပ်က ဥရောပ၊ အာဖရိကနဲ့ အာရှတို့အကြား တိုးတက်ဖို့ အခွင့်အရေးရရှိခဲ့ပြီး တကမ္ဘာလုံးရဲ့စစ်မှန်သောနိုင်ငံသားဖြစ်ပါတယ်။

 

Kongoက တရုတ်ပြည်မှာ Street အနုပညာကို ပထမဆုံးတင်ဆက်ခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။ ဘယ်လိုကနေ စလုပ်ဖြစ်လာခဲ့တာလဲ။ 

ကျွန်တော် Eating Frogs Tour ကို ၂၀၀၄ ခုနှစ်မှာ ကျော်ကြားတဲ့ သူငယ်ချင်းအုပ်စုတစုနဲ့  DJing နဲ့နာမည်ကြီးတွေ ပါ၀င်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့အတူ ကျွန်တော်က တောင်အာဖရိက၊ ကွမ်ကျိုး၊ ရှန်ကျန်းနဲ့ဟောင်ကောင်မှာ ပြင်သစ် hip-hop ကို တင်ဆက်ဖို့ လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ Fansack လို့ခေါ်တဲ့ အသက် ၁၆ နှစ်အရွယ်က လူငယ်တရုတ်အနုပညာရှင် တစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ သူက ၂၀၀၀ ပြည့်နှစ်မှာတရုတ်နိုင်ငံမှာ Graffiti စတင်ခဲ့ပြီး ကျွန်တော့ကို မှတ်တမ်းရုပ်ရှင်အမျိုးမျိုးမှာ တွေ့ခဲ့ရတယ်လို့ သူကပြောပြတယ်။ ပြင်သစ်ကို တစ်နေ့လာရင် ကျွန်တော့်ကို ဖုန်းခေါ်ဖို့ ကျွန်တော်သူ့ကိုပြောတယ်။  နှစ်နှစ်၊ သုံးနှစ်ကြာပြီးတဲ့နောက် သူက ပြင်သစ်နိုင်ငံကို ရောက်နေတယ်လို့ ဖုန်းဆက်ပြောတယ်။ သူကကျနော့်လက်ထောက်ဖြစ်လာပြီးကျွန်တော်နည်းပညာတွေကို ပြသခဲ့တယ်။ အခု သူက Chengdu တရုတ်ကို ပြန်ပြီးအသက်မွေးဝမ်းကြောင်းကိုတိုးတက်အောင် လုပ်နိုင်တယ် ။ သူဟာ ကြီးကျယ်တဲ့ ပန်းချီဆရာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ သူဟာ ကျွန်တော့်တိုးတက်မှုကို မြင်ပြီး ဘယ်လမ်းကို သွားရမလဲဆိုတာကို သိတယ် ။ နယ်နိမိတ်ဘယ်လောက်တင်းကျပ်စွာ ပိတ်ထားပေမဲ့ ဖွင့်ဖွင့်ချင်းမှာပဲ အဲဒီမှာလုပ်ဖို့ အရာအများကြီးရှိပါတယ်။

Kongo ကိုJakatar Singapore Hong Kong Shanghai စတဲ့နေရာတွေမှာတွေ့ရတယ်။ အာရှတိုက်မှာ Kongo ရဲ့အကောင်းဆုံးအတွေ့အကြုံကဘာလဲ။ အကြိုက်ဆုံးမြို့တော်က?

အတွေ့အကြုံ တခုချင်းစီတိုင်း ထူးခြားပါတယ်။ ကျွန်တော်က စင်ကာပူကို အထူးနှစ်သက်မြတ်နိုးတယ်။ ခေတ်မီသောအမြင်အာရုံတွေကြောင့် Singapore ကိုစွဲမှတ်တယ်။ တိုင်းပြည်ကို ကုမ္ပဏီတစ်ခုလို စီမံခန့်ခွဲတယ်။ Parisian အနေနဲ့ စိတ်ဝင်စားစရာကောင်းတာက Singapore မှာ အရာအားလုံး နေရာတိုင်းမှာ ရှိရာဖြစ်ပါတယ်။ တခါတရံ ဘုံအကျိုးအတွက်နယ်နိမိတ်ထားရှိခြင်းဟာ ကောင်းတယ် ဆိုတာ Singapore နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို များစွာစွဲမှတ်စေတယ်။ အဲဒီမှာ ဘဝရဲ့အရည်အသွေးတစ်ခုရှိတာကို တွေ့ရပြီးအရမ်းစိတ်၀င်စားစရာကောင်းတယ်။ အင်ဒိုနီးရှားကိုလည်း သဘောကျတယ်။ အထူးသဖြင့် Bali ကိုရောက်တဲ့နေရာမှာ ၀ိညာဉ်ရေးရာနဲ့ Paris ရဲ့စိတ်ရှုပ်ထွေးမှုတွေ တူတာအများကြီး တွေ့ရတယ်။ ကျွန်တော်က ဗီယက်နမ်သွေးပါတော့ ဗီယက်နမ်ကို ပိုသဘောကျတယ်။ ဂျပန်နိုင်ငံက ခေတ်မီမှုနဲ့ မြင်နိုင်တဲ့ ရှုခင်းအပြည့်အစုံနှင့်အနုပညာ၏အမြင်တို့အတွက် ကျွန်တော် နှစ်သက်သည်။ နိုင်ငံရေး၊ စက်မှုနှင့်အရင်းရှင်စနစ်ကို ဘယ်လိုရောနှောရမလဲဆိုတာကို သိတာကြောင့်တရုတ်ရဲ့အင်အားကြီးမားမှုကို ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာဖို့ကြိုးပမ်းခဲ့တာကို ကျွန်တော် အလွန်သဘောကျမိတယ်။ အာရှကိုတကယ်ကြိုက်တယ်။

 

Singapore ရဲ့အကောင်းဆုံးသော အထူး အပ်ချုပ်ဒီဇိုင်နာ Kevin Seah နဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်းပြောပြပါ။

Kevin က သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ ကျွန်တော်ရဲ့ပထမဆုံးပြပွဲကို စင်ကာပူမှာကျင်းပခဲ့ပြီး Kevin က အဲဒီအဆောက်အအုံမှာပဲ အလုပ်လုပ်နေတယ်။ Kevinက ဗြိတိန်နိုင်ငံသားဆင် ၀တ်စားဆင်ယင်ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် သူကမြို့ပြယဉ်ကျေးမှုကို နားလည်တဲ့ စကိတ်သမားဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့တွေ့တဲ့အချိန်မှာ သူကကျွန်တော့်ကို ချက်ချင်းဆွဲဆောင်ခဲ့ပြီး အပြန်အလှန်လေးစားမှုရှိခဲ့တယ်။ သူ့ဗဟုသုတကို ကျွန်တော်သဘောကျတယ်။ သူ့ဝတ်စုံတွေကို လက်ဖြင့်ချုပ်ထားတယ်။ သူကသူ့အတွက် ပန်းချီဆွဲခိုင်းတယ်။ ကျွန်တော်ကသူ့ကို ဂျာကင်အင်္ကျီ လုပ်ခိုင်းတယ်။ ဒါကစတာပဲ။ သူကကျွန်တော့်ကို ဂျင်နီကုတ်အင်္ကျီတစ်ထည် လုပ်ပေးတယ်။ ပြီးတော့အတွင်းနံရံအတွက် သူက Hermes အတွက်လုပ်ပေးတဲ့ ပိုးပဝါကို သုံးတယ်။ အဲဒီနောက် ကျွန်တော် ရေးတဲ့ ပိတ်ချောပန်းချီကားတွေနဲ့ ဂျာကင်အင်္ကျီတွေလုပ်ဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ကျွန်ုပ်ရဲ့ပန်းချီကားတွေအတွက် သုံးတဲ့ အရမ်းမာတဲ့ ပိတ်ချောမဟုတ်ပဲ သူ့ရှိအရမ်းချောတဲ့ ပိတ်ချော သုံးတယ်။ သူက ကျွန်တော့်ကို ပိတ်ချောကို ပဲရစ်ဆီ ပို့လိုက်တယ်။ ပန်းချီကားတွေကိုရေးတယ်၊ Kevin Seah၊ Kongo တို့ကို ကျွန်ုပ်ရောင်စုံပန်းချီကားမှာ ဆွဲယူခဲ့တယ်။ စင်ကာပူကို ပြန်ပို့လိုက်တယ်၊ သူကပန်းချီကားတွေကို ပြန်အနက်ဖွင့်လိုက်တယ်၊ ကျနော်တို့ သုံးခုသို့မဟုတ်လေးခု ထူးခြားတဲ့အကျီကို ထုတ်ခဲ့တယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာတွေ ဖြစ်ပါတယ်။ ၂၀၁၃ မှာလုပ်ခဲ့ပြီးတဲ့နောက် ၂၀၁၀ မှာ Karl Lagerfeld နဲ့အတူ ပြန်လုပ်ခဲ့တယ်။ ဒါပေမယ့် Kevin အတွက် လုပ်ခဲ့တာတွေက အရာအားလုံးရဲ့မူရင်းဖြစ်တယ်။ Chanel က ကမ္ဘာတဝှမ်းက ဆိုင်တွေမှာ ပြသလိုက်တယ် ။ လုံးဝ insane အတွေ့အကြုံ ဖြစ်ခဲ့တယ်။ သို့သော်လည်း ကျွန်တော်က Chanel များအတွက် လုပ်မပေးဖြစ်ခဲ့ပါဘူး။ Quai Voltaire ရှိ atelier မှာပန်းချီကားတစ်ချပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့ Karl ကို ကျွန်တော်တွေ့ခဲ့လို့ပါ။  ပြီးတော့သူက ၀တ်စားဆင်ယင်အိတ်များ ပြုလုပ်ဖို့ ပန်းချီကားတွေကို ရွေးချယ်ခဲ့တယ်။ ဒါဟာ ဖန်တီးသူများအကြား အမှန်တကယ်တွေ့ဆုံမှုတခု ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ပဲရစ်က ဈေးအကြီးဆုံးရပ်ကွက်တွေထဲက တစ်ခုဖြစ်တဲ့ အောင်မြင်တဲ့ pop-up စတူဒီယို ဖွင့်ပြီးနောက်၊ စင်ကာပူမှာလည်း လာဖွင့်ခဲ့တယ်။

၂၀၁၈၊ နို ၀င်ဘာလမှာ၊ စင်ကာပူနိုင်ငံက Kevin ဆီကို ကျွန်တော်သွားခဲ့ပြီး Rue François 1er in the 8th arrondissement မှာ လုပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ခဏတာ အလုပ်ရုံအတွေ့အကြုံကို ပြောပြခဲ့တယ်။ ဘာလို့စင်ကာပူမှာ မလုပ်တာလဲလို့ သူမေးတယ်။ နေရာတစ်ခုမရှိတာနဲ့ ပြခန်းနဲ့ အတူ မလုပ်ချင်တာကို သူ့ကိုပြောတယ်။ သူက ကျွန်တော့်ကို ရနိုင်တဲ့ နေရာတွေကို ကြည့်ဖို့ပြောတယ်။ သူကကျွန်တော့်ကို The Mill ပိုင်ရှင် Roy Teo နဲ့မိတ်ဆက်ပေးခဲ့တယ်။ သူက ကျွန်တော့်အလုပ်ရုံဆွေးနွေးပွဲကို တစ်လလုပ်ဖို့ နေရာချန်ပေးခဲ့တယ်။ ဒါကြောင့်လည်း Pop-up studio စတူဒီယိုကို လုပ်ခဲ့တယ်။ ကျွန်တော်က အာရှမှာ စွန့်စားမှု ဆက်လုပ်ဖို့ကျွန်တော့်ရဲ့ လက်ရာတွေကို ဖန်တီးဖို့ Singapore မှာ အခြေချဖို့ စီစဉ်နေတယ်။ ဒါက သီးသန့် atelier-showroom ဖြစ်လာပါလိမ့်မယ်။

Hanoi မှာ မကြာခင် ဖွင့်မယ့် boutique ဆိုင် အကြောင်း ပြောပြပါ။

Vietnamese လူမျိုးတချို့က Vietnamကို ပြန်လာဖို့ ပြောကြတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုဝင်လာတယ်ဆိုတာကို တကယ်မသိတဲ့အတွက် အစပိုင်းမှာတော့ ကျွန်တော် အတော်အသင့်သာ စိတ်အားထက်သန်ခဲ့တယ်။ နောက်ဆုံးတော့ လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် Vietnam နှင့် အရှေ့တောင်အာရှအနုပညာရှင်များကို မီးမောင်းထိုးပြဖို့ Cyril Kongo အမှတ်တံဆိပ် boutique ဆိုင်ကို ငွေကြေးထောက်ပံ့သူနဲ့အတူ ပူးပေါင်းပြီး ဖွင့်လှစ်ဖို့ သူက ကျွန်တော့်ကို ချဉ်းကပ်ခဲ့တယ်၊ မြောက်နဲ့တောင် တနိုင်ငံလုံးမှာရှိတဲ့ Vietnam မိသားစုအားလုံးမှာ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ကနေဒါ၊ ဥရောပမှာ ဝေးလံတဲ့နေရာတွေကို ပြောင်းရွှေ့အခြေချ နိုင်ငံခြားခရီးထွက်လာကြတဲ့ မိသားစုဝင်တွေရှိတယ်ဆိုတာ ပြောပြတယ်။ သူက “မင်းရဲ့ကိစ္စက သိပ်ကိုထူးခြားတယ်” လို့ပြောတယ်။ “ဘာဖြစ်လို့လဲဆိုတော့ Vietnam ကအောင်မြင်မှုရခဲ့တဲ့ အာရှသားတွေက မင်းကို အသိအမှတ်ပြုထားတဲ့ တံဆိပ်တွေကို သုံးစွဲကြတယ်။ ဒါကြောင့် မင်းကို သူတို့ရဲ့ သူရဲကောင်း လို တွေးနေကြတယ်။ ကိုယ့်နိုင်ငံကနေ အဝေးကို ထွက်သွားတဲ့ ဗီယက်နမ်မိသားစုများအားလုံးပြန်လည်နာလန်ထူဖို့ ခံစားခဲ့ရတဲ့ နာကျင်မှုကို ငါတို့ ကောင်းကောင်းသိတယ်။ လူအနည်းစုကပဲ မင်းလိုမျိုး အောင်မြင်မှု ရခဲ့ကြတာ။ မယုံနိုင်စရာခရီးတစ်ခုဖြစ်တယ်။ မင်းက နိုင်ငံရေးခိုလှုံသူတစ်ဦး အနေနဲ့ ပြင်သစ်စကားတောင် မပြောတတ်ပဲ ထွက်ခွာခဲ့ပြီး ပြောင်းရွှေ့အခြေချခဲ့တယ်။ အခု မင်းရဲ့ သက်လတ်ပိုင်းအရွယ်မှာ  နာမည်ကြီး တံဆိပ်တွေက အသိအမှတ်ပြု ခံရတဲ့ အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်နေပြီ။ ငါတို့ မင်းအတွက် ဂုဏ်ယူတယ်။ ပြီးတော့ မင်းကို ဗီယက်နမ်မှာ လူသိအောင် ဖော်ပြပေးချင်တယ်။”

ဒီတော့ ဒီဟာက အထင်ကရစတိုးဆိုင်ပြခန်းဖြစ်ပါမယ်။ ပစ္စည်းတစ်ချို့နဲ့ မူရင်းပန်းချီတွေကိုပြထားပြီး Vietnam ယွန်း၊ ထွင်းထုခြင်းနှင့် Indonesia batik စတဲ့အရှေ့တောင်အာရှရဲ့ သာယာလှပတဲ့ ပုံသဏာန်ကိုလည်း ဖန်တီးပြချင်တယ်။ အရှေ့တောင်အာရှကိုလှည့်ပတ်ကြည့်ရှုရင်း Daum (သို့) La Cornue မှာ လုပ်ခဲ့သလိုပဲ အရှေ့တောင်အာရှကို ကျွန်တော် ထုတ်ဖော်ပြမယ်။ ကျွန်တော်တို့ ဂုဏ်ယူကြတဲ့ ဒီရိုးရာကျွမ်းကျင်မှုတွေအားလုံးကို မီးမောင်းထိုးပြချင်တယ်။ ဒါပေမဲ့ ဒါကနည်းနည်းပဲဟောင်းလို့ထင်ရပြီး သူတို့ကိုကျွန်တော်ရဲ့ခေတ်ပြိုင်အမြင်ကိုပေးပါမယ် ။ ဥပမာအားဖြင့် Sang-de-boeuf ကြွေထည်မြေထည်ပစ္စည်းတွေ ကိုပေးချင်တယ်။ အလွန်ရိုးရာနှင့် coded ဖြစ်သော Batik ကို ပြန်မွမ်းမံချင်တယ်။ ကျွန်ုတော်က ဒါတွေအားလုံးကို Vietnam က ကျွန်ုပ်ရဲ့ Boutique ဆိုင်မှာသာ တင်ပြမှာဖြစ်ပြီး၊ ဒီစတိုးဆိုင်နှင့်ဆက်စပ်သော e-commerce ဝက်ဘ်ဆိုက်တစ်ခု တည်ထောင်ပါမယ်။ လက်ရှိမှာ ဆောက်လုပ်ဆဲဖြစ်ပြီး စက်တင်ဘာလအစောပိုင်းမှာ ဖွင့်နိုင်ပါမယ်။

Hymne a la beaute premontage 450x400cm 2020

Kongo ရဲ့ လတ်တလောဆွဲထားတဲ့ ပန်းချီက ဘာလဲ?

ကျွန်တော့်ရဲ့ နောက်ဆုံးဆွဲပြီးထားတဲ့ ပန်းချီကားကတော့ Les Fleurs du Mal (ဘေးဥပဒ်ပန်းများ) ၏အစိတ်အပိုင်းဖြစ်သော Hymne à la Beauté (အလှတရားမှအလှအပ) ဟုအဓိပ္ပာယ်ဖွင့်ဆိုသော Charles Baudelaire ၏ကဗျာအပေါ် အခြေခံထားတယ်။ ဒါကျွန်တော် အချိန်အများကြီးယူပြီး ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။ အဲ့ပန်းချီးကားကို ကျွန်တော် အတော်လေးအားထည့်ထားတယ် ။ ဒါပေမယ့် ပန်းချီကားပေါင်းများစွာကို တစ်ချိန်တည်းတွင် အမြဲတမ်းအလုပ်လုပ်ပါတယ်။ တစ်ခါတလေကျွန်တော်ပန်းချီကားတစ်ချပ်ကိုကောင်းစွာရေးပြီးရင် ခဏအိပ်ခွင့်ပေးလိုက်တယ်။ Hymne à la Beauté ကို ပြီးခဲ့သည့်နိုဝင်ဘာလကပုံကြမ်းစတင်ခဲ့ပြီး ရှစ်လကြာပြီးပါပြီ။ တလမှာ အနည်းဆုံး တစ်ပတ် ဒါမှမဟုတ် ၁၅ ရက်လောက် အဲ့ပန်းချီကားကို ဆွဲဖြစ်တယ်။ ဒါပေမယ့် အဲ့ပန်းချီကားက အရမ်းကြီးတဲ့အတွက် တခါတလေ မရေးနိုင်တော့တဲ့အခိုက်ရှိတယ်။ အကျယ် ၄ မီတာ၊ အမြင့် ၄.၅ မီတာရှိပြီး အက္ခရာများနဲ့ အပြည့်ဆွဲမှာ ဖြစ်လို့ အများကြီး အလုပ်လုပ်ရမှာ ဖြစ်ပြီး အချိန်များစွာ လိုအပ်ပါတယ်။

ဤဆောင်းပါးကို NINA STARR မှရေးသားခဲ့သည်။

ဓာတ်ပုံအားလုံးသည် KONGO ၏ယဉ်ကျေးမှုဖြစ်သည်။

 


 
Back to top