Lifestyle / Travel

Fly Me To The Moon ၏ ဂရိနိုင်ငံ သို့ စိတ်ကြိုက်ခရီးသွားကမ်းလှမ်းမှုအကြောင်း Elena Papanicolaou ဆွေးနွေးတင်ပြထားပါသည်

တဦးချင်းနှင့် အဖွဲ့အစည်းများအတွက် စိတ်ကြိုက် ခရီးသွားဒီဇိုင်းကို စီစဉ်ပေးပြီး ခရီးစဉ်တစ်ခုချင်းစီအတွက် Fly To The Moon က မတူကွဲပြားသောအသေးစိတ်အချက်အလက်များနှင့် စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ဝန်ဆောင်မှုပေးတယ်။

Aug 28, 2020 | ရေးသားသူ - Victor Paul Brang Tun

Elena Papanicolaou မှ ၂၀၁၄ ခုနှစ်တွင် အေသင်၌ ‘Fly Me to The Moon’ ကို တည်ထောင်ခဲ့ပြီး Destination Management ကုမ္ပဏီအဖြစ် ပုဂ္ဂလိကနှင့်ကော်ပိုရိတ်ဖောက်သည်များ၏ တောင်းဆိုချက်များကိုဖြည့်ဆည်းပေးသည်။တစ်ဆင့်စကားဖြင့် လူသိများလာသည်နှင့်အမျှ ကုမ္ပဏီ၏ဒေသဆိုင်ရာကျွမ်းကျင်မှု၊ ကျယ်ပြန့်သော အဆက်အသွယ်ကွန်ယက်၊ အသေးစိတ်အာရုံစူးစိုက်မှုနှင့် ကြိုးပမ်းမှုတစ်ခုချင်းစီအပေါ် တစ် ဦးချင်းချဉ်းကပ်မှုတို့အတွက် လေးစားကျော်ကြားသည်။ စိတ်ကြိုက်ခရီးစဉ်များနှင့် ၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်မှုကြောင့် Fly Me To The Moon သည် ဧည့်သည်တစ်ဦးချင်းစီအတွက် အကောင်းဆုံးသော ခရီးသွားအတွေ့အကြုံကို ဝန်ဆောင်မှုပေးသည်။

Fly Me To The Moon ရိနိုင်ငံ သို့ စိတ်ကြိုက်ခရီးသွားကမ်းလှမ်းမှုအကြောင်း Elena Papanicolaou နှင့် ဆွေးနွေးတင်ပြထားပါသည်

၂၀၁၄ ခုနှစ် အေသင်မြို့မှာ Fly Me To The Moon ကိုထူထောင်ခဲ့တယ်။ ဂရိရဲ့ ခရီးသွားလုပ်ငန်းမှာ ဒီကုမ္ပဏီက ဘယ်လောက်ထူးခြားသလဲ

ကျွန်မတို့ ကုမ္ပဏီကိုစတင်ခဲ့တဲ့အကြောင်းရင်းနဲ့ ကျွန်မတို့ရဲ့ ဦးတည်ချက်တွေကြောင့်ပဲ ကျွန်မတို့ဟာ သူများနဲ့ မတူပဲ ထူးခြားနေတယ်ဆိုတာ ယုံကြည်တယ်။ ကျွန်မဟာ ပို့ဆောင်ရေး၊ ငွေကြေးနဲ့ ဓါတုပစ္စည်းထုတ်လုပ်ရေးလို လုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ လုပ်ခဲ့တယ်။ အလွန်ခက်ခဲတဲ့ စီးပွားရေးဝန်းကျင်မှာ အသက်မွေးဝမ်းကြောင်းပြုနေတဲ့အချိန်မှာ တစ်ဦးချင်းစီအတွက်ကော အလုပ်နဲ့ ခရီးသွားတာကောဟာ ကျွန်မတို့အတွက် ပျော်မွေ့စရာတွေ ပေးပါတယ်။ ကျွန်မရဲ့မိခင်နိုင်ငံ ဂရိကိုသွားတဲ့ ခရီးသွားဧည့်သည်တွေနဲ့ သူတို့ရဲ့ ဘဝကိုပြောင်းလဲစေတဲ့ အတွေ့အကြုံတွေကိုရှာဖွေပြီး သူတို့၏စိတ်အာရုံကို လန်းဆန်းစေမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်နှင့် Fly Me To The Moon ကိုစတင်ဖြစ်ခဲ့တယ်။ ပုံမှန်လုပ်ငန်းတွေမှာပဲ ကန့်သတ်မထားဘဲ ပုံမှန်အလေ့အထတွေနဲ့ ကွဲထွက်တဲ့ ခရီးစဉ်တွေကိုဖန်တီးဖို့ အာရုံစိုက်တယ်။ ဆန်းသစ်တဲ့စိတ်ကူးစိတ်သန်းနဲ့ အသေးစိတ်အချက်အလက်တွေအပေါ် အာရုံစူးစိုက်မှုတွေက ကျွန်မတို့ကို သူများနဲ့မတူပဲ ထူးခြားစေသည်။

သင့်ရဲ့ ပုံမှန်ဖောက်သည်တွေက ဘယ်လိုလူမျိုးတွေ ဖြစ်မလဲ သူတို့က ဘယ်လို အတွေ့အကြုံတွေကို လိုလားတတ်သလဲ

ကျွန်မတို့ရဲ့ ဖောက်သည်တွေက ခရီးသွားတာ၊ ယဉ်ကျေးမှုဆိုင်ရာ သိလိုစိတ်၊ ခေတ်မီဆန်းပြားခြင်း တွေကို လိုချင်တဲ့ ခရီးအတွက် စီစဉ်ဖို့ အချိန်မရှိတဲ့ လူတွေ ဖြစ်လေ့ရှိတယ်။ သူတို့ ခရီးသွားရတဲ့အကြောင်းကို သိပြီးသူတို့ရဲ့လိုအပ်ချက်တွေနဲ့ဆန္ဒတွေကိုနားလည်တဲ့ ပရော်ဖက်ရှင်နယ်တွေကို ရှာနေတဲ့လူတွေ ဖြစ်တတ်တယ်။ ကျွန်မတို့က ရွေးချယ်မှုမမှားစေဖို့၊ ခရီးစဉ်မတိုင်မီနှင့်ခရီးစဉ်အတွင်းအဆင်ပြေချောမွေ့စွာနဲ့ ပြီးပြည့်စုံတဲ့ ခရီးစဉ်ဖြစ်ဖို့အတွက် အကုန်လုံး တာဝန်ယူပါတယ်။ အရေးအကြီးဆုံးက ကျွန်မတို့ဟာ လူသိနည်းတဲ့နေရာတွေ၊ တော်ရုံမသိနိုင်တဲ့ နေရာတွေကို ရှာဖွေပြီး ပို့ဆောင်ပေးနိုင်မယ်ဆိုတာ ကျွန်မတို့ဖောက်သည်တွေက သိကြတယ်။

သင်က တစ်ဦးချင်းခရီးသွားတွေသာမကပဲ ကော်ပိုရေးရှင်းတွေနဲ့ပါ ဆက်ဆံရတယ်။ သူတို့ကြားမှာ ဘာတွေကွာခြားမှု ရှိလဲ

နှစ်မျိုးလုံးအတွက် အဓိကတောင်းဆိုချက်တွေကအတူတူပဲလို့ ကျွန်မထင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကတော့ စုစုစည်းစည်းလုပ်ရတဲ့ activity တွေ တောင်းဆိုတတ်တယ်။ တစ်ဦးချင်းဆိုရင် အနားယူဖို့၊ အကြောင်းအရာအလိုက်အတွေ့အကြုံတွေ၊ ပွဲနေ့တွေ စသဖြင့် တောင်းဆိုတတ်တယ်။

သက်တောင့်သက်သာရှိခြင်း၊ ပြန်လည်လန်းဆန်းစေခြင်းနဲ့ အားအင်ပြန်လည် ပြည့်ဝစေခြင်းအစရှိတဲ့ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဘဝတွေကို အကျိုးရှိစေတဲ့ ခံစားမှုတွေ အားလုံးကို ကျွန်မတို့ ဖြည့်ဆည်းပေးတယ်။

ဂရိနိုင်ငံရဲ့လျှို့ဝှက်တဲ့နေရာတွေထဲကမှ သင်အကြိုက်ဆုံးသီးသန့်ခရီးသွားနေရာသုံးခုကို ကျွန်ုပ်တို့ရဲ့ စာဖတ်သူတွေအတွက် ပြောပြပေးနိုင်မလား။

သေးပေမယ့် အလွန်ထူးခြားတဲ့ ဒီကမ္ဘာမှာ ရောက်ရှိနေတာ ကျွန်မတို့ ကံကောင်းပါတယ်။ ဂရိနိုင်ငံဟာ ကျွန်းပေါင်း ၆၀၀၀ ကျော်ရှိပေမယ့် ၂၂၇ ခုမှာသာ လူနေထိုင်ပြီး အံ့သြဖွယ်ရာဖြစ်သော နှင်းလျှောစီးအပန်းဖြေစခန်းများ၊ ချောက်ကမ်းပါးများနှင့် ချောင်းများမှ ငါးဖမ်းကျေးရွာများအထိ ကြီးမားတဲ့ စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံများစွာကို ပေးနိုင်ပါတယ်။ ဒါတွေအားလုံး နှင့်နက်ရှိုင်းသောမြေထဲပင်လယ်မြစ်ဝှမ်းရှိ ကမ္ဘာ့အရှည်ဆုံးကမ်းရိုးတန်းလည်းရှိတယ်။

ရှေးဟောင်းရာစုနှစ်များတစ်လျှောက် ပြင်းထန်စွာသယ်ဆောင်လာခဲ့တဲ့ “သူစိမ်းများနှင့်ရင်းနှီးသော” ဟုအဓိပ္ပာယ်ရှိသော စစ်မှန်သော ဂရိဧည့်ဝတ်ပြုခြင်းတွေကြောင့် ဒီနေရာကို ရွေးချယ်တာဟာ အဆုံးမဲ့အကောင်းဆုံးဖြစ်တယ်။ လူတိုင်းအတွက် သင့်တော်မယ့် နေရာနဲ့ အချိန်ကာလပေါ်မူတည်ပြီး အကြိုက်ဆုံးသုံးခုကိုရွေးချယ်ဖို့ အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ထိပ်တန်းစာရင်းမှာ Ionian ပင်လယ်ရှိ Paxos ကျွန်းငယ်၊ Santorini ၏ညီမငယ် Folegandros နှင့် Peloponnese ရှိ Laconia ဒေသကို ရွေးပေးချင်ပါတယ်။

ဤနေရာရွေးချယ်မှုအပြင် ဂရိရဲ့ထူးခြားတဲ့ ဌာနေစပျစ်ရည်၊ ယဉ်ကျေးမှု၊ သမိုင်း၊ ခေတ်ပြိုင်လက်မှုပညာရှင်များနှင့်ဒီဇိုင်နာများ၊ အမျိုးသားရေးနှင့်နိုင်ငံတကာပွဲတော်များ၊ သာယာလှပတဲ့ ကားမောင်းလမ်းကြောင်းတွေအပြင် ဒီထက် အများကြီး ရှိပါသေးတယ်။

“ Mission Impossible” လို့ ပြောနိုင်မယ့် မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေ ရှိခဲ့ရင် ဥပမာ တစ်ခုလောက် ပြောပြပေးပါလား။ ဘယ်လို ဖြစ်အောင် ဆောင်ရွက်ပေးခဲ့ရလဲ။

ကျွန်မတို့ရဲ့ ရည်မှန်းချက်နဲ့ စိတ်အားထက်သန်မှုကို ထိန်းသိမ်းပြီး သဘာဝတရားနဲ့ လူတွေကို လေးစားမှုရှိသရွေ့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ကျွန်မတို့ရဲ့ အတွေးအခေါ်မှာ အစွန်းရောက်မှုများကို အခြေခံ၍ ကွဲပြားနေသောအတွေ့အကြုံများကို ပြုလုပ်ဖို့ မလိုပါဘူး။ ခရီးသွားအတွေ့အကြုံတစ်ခုလုံးကို အစမှအဆုံး ဒီဇိုင်းဆွဲသည်နှင့်အမျှ အချင်းချင်းရောစပ်၊ ဖြည့်စွက်သည့် အထူးအချက်အလက်များကို ထည့်သွင်းထားပါတယ်။များသောအားဖြင့် ကျွန်မတို့ရဲ့ ဖောက်သည်တွေက သူတို့ ဘာလို့ ခရီးသွားရလဲဆိုတာ ပြောပြပြီးတော့ ကျန်တာကို ကျွန်တော်တို့က တာ၀န်ယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ ဥပမာ သဲကန္တာရကျွန်းပေါ်ကဘုန်းကြီးကျောင်းဟောင်းတစ်ခုမှာ အံ့သြဖွယ်ကောင်းတဲ့ မွေးနေ့ပွဲလုပ်ချင်တယ်။ ဝေးလံခေါင်သီတဲ့ ရှေးဟောင်းအခြေချနေထိုင်ရာနေရာ၊ ဂရိနိုင်ငံမှ မိသားစုထွက်ခွာသွားသော ဘိုးဘွားရိပ်သာတစ်ခုမှာ အံ့သြဖွယ်ကောင်းတဲ့ မွေးနေ့ပွဲကျင်းပခြင်း စသည်တို့ဖြစ်သည်။

ပင်လယ်ပြင်ချစ်သူတွေနဲ့ မိသားစုတွေအတွက် စိတ်ကြိုက်ရွက်လှေငှားရမ်းဖို့ စီစဉ်ပေးနိုင်လား

ဟုတ်ပါသည်။ လုံးဝ ပုဂ္ဂလိကရွက်လှေသင်္ဘော ကျွန်မတို့ဖက်က စီစဉ်ပေးနိုင်ပါတယ်။ ကျွန်မတို့မှာ ဖောက်သည်တွေအတွက် မော်တာရွက်လှေနဲ့ ရွက်လှေမောင်းသမားတွေ ငှားရမ်းနိုင်ပါတယ်။ ဂရိပင်လယ်များသည် မြေထဲပင်လယ်တစ်ခုလုံးနှင့် နှိုင်းယှဉ်နိုင်ပါသည်။ Mykonos, Corfu နှင့် Santorini ကဲ့သို့သောကျွန်းစုများမှသဲကန္တာရကဲ့သို့ကျွန်းငယ်များ၊ ပင်လယ်ဂူများ၊ ရေပေါ်ရှိငါးကန်များနှင့်ကမ်းခြေကလပ်များအထိအဆုံးမရှိဖြစ်သည်။ ရင်သပ်ဖွယ် နေဝင်ချိန်များနဲ့ လပြည့်ညများအပြင် လင်းပိုင်တွေကို ပင်လယ်ပြင်တစ်လျှောက်ရေကူးနေတာ တွေ့လိမ့်မယ်။

သင်၏ ည့်သည်တွေက ဂရိ၏ကြွယ်ဝတဲ့ယဉ်ကျေးမှုနှင့် ဒေသတွင်းရှိ စစ်မှန်တဲ့ “Art de Vivre” အစိတ်အပိုင်းများကို ပိုမိုနားလည်သဘောပေါက်ဖို့ ဘယ်လို စီစဉ်ထားလဲ။

Fly Me To The Moon ဟာ ဧည့်သည်တွေကို ဂရိယဉ်ကျေးမှု၊ အနုပညာ၊ အစားအစာ နှင့် ဂရိဘဝလမ်းစဉ်တွေနဲ့ အမြဲတမ်းမိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်။ ခရီးစဉ်တွေမှာ အဓိကအကြောင်းအရာကိုအမြဲတမ်းအလေးထား မျှဝေတယ်။ ဧည့်သည်တွေကို သူတို့လည်ပတ်တဲ့နေရာရဲ့ သမိုင်းနှင့်အချက်အလက်တွေကို ပြောပြတယ်။ ဒေသခံလက်မှုပညာရှင်များနဲ့ တွေ့ဆုံစေတယ်။ ဂရိရဲ့ အစားအစာ နဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ပေးတယ်၊ ရိုးရာပွဲတော်တွေကို လိုက်နာအကြံပြုသည်။ အိမ်တွင်ညစာစားပွဲများမှာ အခြားအရာများနှင့်ဆင်တူသော (ရှေးဟောင်းသုတေသန၊ gastronomy၊ သဘာဝလှုပ်ရှားမှုများစသည်) စိတ်ဝင်စားမှု ရှိသူများကိုကျွန်ုပ်တို့ဆက်သွယ်ပေးသည်။

Fly Me to The Moon တန်ဖိုးများကိုဖော်ပြရန်စကားလုံးသုံးလုံး

Passion, Individuality, Respect.

ဘယ်အချိန်မှာဂရိကိုသွားဖို့ အကောင်းဆုံးလဲ။

နေ့ရက်တိုင်းအတွက် အကောင်းဆုံးသောနေရာနဲ့ အတွေ့အကြုံမျိုးစုံ ရှိပါတယ်။ လူတွေက ဘာကို လိုချင်လဲဆိုတာပေါ် မူတည်ပါတယ်။

သင့်ရဲ့ ဘဝမှာ သင့်ကို ခွန်အားပေးတဲ့ ဂရိသမိုင်း၀င် လူတစ်ယောက် နာမည်ကို ပြောပေးပါလား။

တကယ်တော့ သမိုင်းအစဉ်အလာကြီးမားတဲ့ကြားက ရွေးချယ်ရတာ ခက်ခဲပါတယ်။ ရဲရင့်မှုနှင့်စာနာမှု၊ ဘဝမှာ အလျှော့မပေးတဲ့ ရပ်တည်မှုများအတွက် Achilles ကိုရွေးချယ်ပါမယ်။


 
Back to top