Lifestyle / Travel

သန့်ရှင်းလန်းဆန်းတဲ့ စိတ်အာရုံခံစားမှုတွေအတွက် Banyan Tree ဟိုတယ်များနှင့်အပန်းဖြေစခန်းများ

နေ့စဉ်ဘဝမှ ခဏတာ လွတ်မြောက်ရာ အင်ဒိုနီးရှားနိုင်ငံ ဘင်တန်ရှိ The Banyan Tree အပန်းဖြေစခန်းများသို့ လာလည်ပါ။

Jul 22, 2020 | ရေးသားသူ - Victor Paul Brang Tun

ငြီးငွေ့တဲ့ခရီးသွားတွေအတွက် နေရာတစ်ခုဖြစ်တဲ့ Banyan Tree Hotels and Resorts သည်သဘာ၀ အရသက်သောင့်သက်သာ နှင့် နှစ်သိမ့်မှုရှိသောနေရာတစ်ခုလည်း ဖြစ်ပါတယ်။ Banyan Tree ဟိုတယ်များနှင့်အပန်းဖြေစခန်းများမှာ ဇိမ်ခံပစ္စည်းများ နှင့်  သဘာဝကျသော ဂေဟစနစ်ဖြင့်  အနားယူနိုင်ဖို့ လူမျိုးပေါင်း ၅၀ ကျော်က ဝန်ဆောင်မှုကိုပေးမည်ဖြစ်ပါသည်။

Banyan Tree ဟိုတယ်များနှင့်အပန်းဖြေစခန်းများသည် သန့်ရှင်းလန်းဆန်းတဲ့ စိတ်အာရုံခံစားမှုများအတွက် နေရာတစ်ခု ဖြစ်ပါသည်

Banyan Tree ဟိုတယ်များကို ၁၉၉၀ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီးထိုင်းနိုင်ငံရှိဖူးခက်ကမ်းရိုးတန်း၏ကျယ်ပြန့်သောနေရာတွင်စတင်ခဲ့သည်။ Banyan Tree အမှတ်တံဆိပ်အုပ်စု သည် အက်စစ် သယ်ဆောင်ထားသောမြေဆီလွှာကို သစ်ပင် ၇၀၀၀ ကျော် စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာညစ်ညမ်းမှုကို သန့်ရှင်းရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပါသည်။

Mr Alpha Eldiansyah, Resort General Manager, Banyan Tree Bintan.

“အစကတည်းက Banyan Tree ပိုင်ရှင်တွေဟာ လုပ်ငန်းအပေါ် စီးပွားရေးသက်သက်သာ လုပ်ဆောင်ခဲ့တာ မဟုတ်ပဲ ဟိုတယ်တစ်ခုစီတိုင်းရဲ့ ပတ်၀န်းကျင်၊ ဒေသခံအသိုင်းအဝိုင်းများနှဲ့ ၀န်ထမ်းများကိုလည်းလေးစားမှုအလွန်ရှိပါတယ်။ သူတို့ရဲ့ ဦးဆောင်မှုနဲ့ Banyan Tree ဟာ ဒီနေ့အခြေအနေထိ ရောက်ရှိလာခဲ့ပြီး နောင်မှာလည်း သူတို့လုပ်ဆောင်နိုင်သလောက် ဆက်လက်လုပ်ဆောင်သွားဦးမှာပါ ” –Mr Alpha Eldiansyah, Banyan Tree Bintan ၏ အထွေထွေမန်နေဂျာ

Hilltop Spa

သူတို့သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွန့်ပစ်မြေများကို သဘာ၀ ပတ်၀န်းကျင်နှင့်လိုက်လျောညီထွေဖြစ်သော ခရီးသွား နေရာများအဖြစ်သို့ အစဉ်အမြဲပြောင်းလဲပေးနေပါသည်။ ယခု Banyan Tree ဟိုတယ်များနှင့်အပန်းဖြေစခန်းများသည် ည့်ဝတ်ကျေပွန်ခြင်းနှင့် spa လုပ်ငန်းနယ်ပယ်တွင်ကမ္ဘာ့အကြီးဆုံးနိုင်ငံတကာလုပ်ငန်းများထဲမှ တစ်ခု ဖြစ်လာပါသည်။ Banyan Tree အုပ်စုသည် အပန်းဖြေစခန်းနှင့်ဟိုတယ် ၄၈ ခု၊ spas ၆၄ ခု၊ လက်လီအရောင်းပြခန်း ၇၄ ခုနှင့်နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ချန်ပီယံဂေါက်ကွင်းသုံးခုကို စီမံခန့်ခွဲနေပါသည်။

Oceanview Infinity Pool Villa

Bintan ရှိ Banyan Tree အပန်းဖြေစခန်းများသည် အခြားနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ လာအို၊ မော်လ်ဒိုက်၊ မက္ကစီကို၊ ယူအေအီး နှင့်အင်ဒိုနီးရှားနိုင်ငံများအကြားတွင် အရည်အသွေးအမြင့်ဆုံး ရေကူးကန်နှင့် အပန်းဖြေ အနားယူနေရာများအဖြစ် ဂုဏ်ယူကြသည်။ 

ခြေတံများပေါ်တွင်မျှတစွာတည်ဆောက်ထားခြင်းဖြစ်ပြီး အပန်းဖြေရိပ်သာတစ်ခုစီသည် သဘာဝမိုးသစ်တောအတွင်းရှိ တောင်စောင်းတွင်တည်ရှိကြပါသည်။ ၎င်းတို့ကိုအင်ဒိုနီးရှားရိုးရာတဲများနှင့်တူအောင် ပုံစံပြုလုပ်ထားသည်။ အပန်းဖြေအိမ် တစ်ခုစီ၏အပန်းဖြေအနားယူမှု ရေကန် သို့မဟုတ် infinity pool တို့၏ တိတ်ဆိတ်သောနေရာများမှ တောင်တရုတ်ပင်လယ်ကိုအစဉ်မပြတ်ကြည့်ရှုနိုင်ပြီး၊ အပန်းဖြေစခန်းသည် ထူးခြားသော ၀န်ဆောင်မှုများကို ၂၄ နာရီ လေယာဉ်ခရီးစဉ်စီစဉ်ပေးခြင်း၊ ဆိုက်ရောက်ချိန်တွင် ကြိုပို့လုပ်ပေးခြင်း၊ Check-in, Check-Out ကို အဆင်ပြေအောင် စီစဉ်ပေးခြင်း၊ spa အစီအစဉ်နှင့် အခြားအစီအစဉ်များ ကို လဲ ဝန်ဆောင်မှုပေးပါသည်။

“ကမ္ဘာတစ်ဝှမ်းရှိ Banyan Tree အပန်းဖြေစခန်းတိုင်းမှာ ကျွန်ုပ်တို့ရဲ့ရည်ရွယ်ချက်ဟာ ဧည့်သည်များ စိတ်အပန်းဖြေမှုအတွက် နေရာတစ်ခုအဖြစ်ကြိုးစားပေးရန်ဖြစ်ပါတယ်။ သဘာဝအတိုင်း ဇိမ်ခံပစ္စည်းများ၊ ဂေဟစနစ်နှင့်ယဉ်ကျေးမှုအရလိုက်လျောညီထွေရှိတဲ့အတွေ့အကြုံများကိုလည်းကျွန်ုပ်တို့ရရှိ လုပ် ဆောင်ရန် ရည်ရွယ်ပါတယ်။ ထို့အပြင် အရည်အသွေးကောင်းတွေ၊ ဝန်ဆောင်မှုတွေကို ထိန်းသိမ်းထားဖို့ဟာ ကုမ္ပဏီစတင်တည်ထောင်ခဲ့ပြီးကတည်းက Banyan Tree ရဲ့ မူဝါဒများဖြစ်ခဲ့ပါတယ်။ ဒါဟာကျွန်တော်တို့ရဲ့လမ်းညွှန်မူတစ်ခုပါ။” – Mr Alpha Eldiansyah, Resort အထွေထွေမန်နေဂျာ Banyan Tree Bintan

Kelong Villa

Banyan Tree Bintan မှာ အခါအားလျော်စွာ ရွေးချယ်စရာများစွာကို ပြုလုပ်ပေးထားပါသည်။ Rainforest Seaview Villas၊ Rainforest Oceanfront Villas၊ အပြင်ဘက်တွင် Jacuzzis ပါ၀င်သည့် Ocean Villa On The Rocks၊ infinity pool ပါဝင်တဲ့ အိပ်ခန်း ၂ ခန်းပါ Oceanview Villas များ နှင့်အတူ အပန်းဖြေစခန်းသည် Kelong Villa အသစ်ကို ပြီးခဲ့သည့်နှစ်က ထိုတ်ဖော်ပြသခဲ့ပါသည်။

Kelong Villa

အရှေ့တောင်အာရှတံငါသည်များအသုံးပြုသော ကြီးမားသည့် သစ်သားကမ်းလွန်ခြေတံရှည်ကိုဂုဏ်ပြုသည့်အနေဖြင့် Kelong Villa လို့ အမည်ပေးထားပြီး အပန်းဖြေစခန်း၏ပထမဆုံးရေပေါ်နေရာ ဖြစ်သည်။ ဧည့်သည်များကိုသဘာဝနှင့် ပြန်လည်ဆက်သွယ်နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ရေရှည်တည်တံ့သည့် ကျွန်းကို တွေ့ကြုံခံစားနိုင်စေရန် ဒီဇိုင်းပြုလုပ်ထားသည်။ တောင်တရုတ်ပင်လယ်၏ လှပသောမြင်ကွင်းကျယ်မြင်ကွင်းများခံစားနိုင်မယ့်အပြင် His-and-Hers Vanity Sinks,အထူးချုပ်လုပ်ထားသော တာဝါများ၊ လှပသော မီးအိမ်များပါဝင်ပြီး Wi-Fi လည်း ရရှိနိုင်မည် ဖြစ်သည်။ လေအေးပေးစက်နှင့် တီဗီ မပါဝင်သော်လည်း Kelong Villa သည် board ဂိမ်းများ၊ စာအုပ်များ၊ ကယက်လှေများ၊ ငါးဖမ်းပစ္စည်းများနှင့် snorkeling ကိရိယာများကို ထည့်သွင်းပေးထားပြီး ခေတ်သစ်ကမ္ဘာနှင့် ခဏတာ အဆက်အသွယ်ဖြတ်ချင်သူများအတွက် အကောင်းဆုံး နေရာဖြစ်သည်။

Destination Dining dinner on the rocks

“ အပန်းဖြေစခန်းမှာနေထိုင်တဲ့ဧည့်သည်တွေဟာ လက်ရှိဘဝကနေ ခဏတာ လွတ်မြောက်ဖို့ သဘာဝတရားကြားမှာ လာနေကြတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့တည်းခိုတဲ့အပန်းဖြေစခန်းကနေ ခေတ်မီအဆင်ပြေချောမွေ့မှုတွေကိုလည်း မျှော်လင့်ကြပါတယ်။ – Mr Alpha Eldiansyah, Resort အထွေထွေမန်နေဂျာ Banyan Tree Bintan

Saffron

ဧည့်သည်များအနေဖြင့် အပန်းဖြေစခန်းများရဲ့ အမှတ်အသားစားသောက်ဆိုင်ဖြစ်တဲ့ Saffron တွင် ခေတ်သစ်ထိုင်းအစားအစာများ၏အရသာထူးခြားသည့်အရသာကို ညစာအဖြစ် စားသုံးရန်တိုက်တွန်း အကြံပြုပါသည်။ Saffron သည် ဆန်းသစ်သောတီထွင်မှုများဖြင့် စစ်မှန်သော ထိုင်းအစားအစာများကို အရသာကောင်းသည့် ရောစပ်ခြင်းဖြင့် ပံ့ပိုးပေးထားပါသည်။ Saffron ဟာ ခေတ်မီပြီး ဂန္တဝင်ဖြစ်သည့် ခံစားမှု ပတ်ဝန်းကျင်၊ လှပမှုနှင့် ၀န်ဆောင်မှုများအတွက် နာမည်ကောင်းကျော်ကြားပါသည်။

 

 

 


 
Back to top