Culture / Art Republik

Chok Yue Zan က ပျောက်ဆုံး သွား တဲ့ ကလေးဘဝ အမှတ် တရ များ ကို ထုတ်ဖော်ပြောကြားပါတယ်။

Chok Yue Zan ဟာ contemporary အနုပညာ ‌လောကထဲ တရှိန်ထိုး နာမည်ရနေတဲ့ အနုပညာသည် တစ်ယောက် ဖြစ်ပါတယ်။ အတိတ်ကအမှတ်တရများဟာ အနာဂတ်ရဲ့ အမှန်တကယ်အကျိုးဖြစ်ထွန်းစေမဲ့အရာများဖြစ်တယ်လို့ ယုံကြည်သူ ဖြစ်ပါတယ်။

Jul 22, 2020 | ရေးသားသူ - Victor Paul Brang Tun

2017 UOB Painting of the Year, Young Kuala Lumpur ဆု ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့်ရရှိသောသူ ဖြစ် တဲ့ Chok Yue Zen ဟာ အနှပညာ လောကမှာတရှိန်ထိုးနာမည်ရလာသူဖြစ်ပါတယ်။ သူဟာ  Tawan, Sabah မှာမွေးဖွားခဲ့ပြီးသူ့အဘိုးအဘွားက ကျွေးမွေးပြုစု ပျိုးထောင်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ သူကြီးပြင်းလာသော ပတ်ဝန်းကျင်ဟာ တောတောင်နှင့်စိမ်းလန်းစိုပြေသောရင်သပ်ရှုမောဖွယ်ပတ်ဝန်းကျင်ဖြစ်ပါတယ်။ ဒါတွေဟာ သူ့ရဲ့နိဗ္ဗာန်ဘုံ ဖြစ်ပါတယ်။ ဒီနေရာ မရှိတော့ရင် သူ့ငယ်ဘဝပျောက်ဆုံးသလို ပဲလို့ ခံစားယုံကြည်သူဖြစ်ပါတယ်။ Zan ဟာ အတိတ်, ပစ္စုပ္ပန်, အနာဂတ် ကို စဉ်းစား ကာ လွမ်းမောဖွယ်အမှတ်တရ များ ဟာ အနာဂတ် မှာ လက်တွေ့ အကျိုးသက်ရောက်စေနိင်တယ် လို့ ယုံကြည်ထားပါတယ်။

Chok Yue Zan က ပျောက်ဆုံး သွား တဲ့ ကလေးဘဝ အမှတ် တရ များ ကို ထုတ်ဖော်ပြောကြားပါတယ်။

Memory Of The Ocean III Acrylic and oil on canvas, 95(H)x180(W)cm, 2018

Zan ကိုမလေးရှားအရှေ့ပိုင်း Sabah မှာမွေးဖွားခဲ့တယ်။ Zan ရဲ့အနုပညာလက်ရာ မှာ Sabah နဲ့ သူ့သစ်တောများက ဘယ်လို သြဇာညောင်းခဲ့လဲ

Sabah, Borneo ဟာစိမ်းလန်းစိုပြေပြီး သစ်တောနဲ့ သမုဒ္ဒရာများဝန်းရံထားတဲ့ လှပတဲ့ နေရာတစ်ခုဖြစ်တယ်။ တခြားကလေးတွေနဲ့မတူတာက လှပတဲ့ ပရဒိသု (သစ်တော) ထဲနေထိုင် တဲ့ ငါ့အဘိုးအဘွားတွေနဲ့ ကြီးပြင်း လာရတာ အလွန်ကံကောင်းပါတယ်။ သန့်ရှင်းတဲ့မြစ်တွေရှိတယ်။ ရေထဲမှာကခုန်နေကြတဲ့ငါးတွေ ရှိတယ်။ ဘဲတွေ က ငါးတွေအတွက်သီဆိုအော်နေကြတယ်။ ကြက်နဲ့ ခွေးတွေကတစ်ဦးကိုတစ်ဦးလိုက်ဖမ်းတယ်။ ကြောင်တွေ က တစ်ချိန်လုံးအိပ်ပျော်နေတယ်။ ဒါတွေကငါ့ရဲ့ကလေးဘဝပျော်ရွှင်မှုနဲ့ ပျော်စရာအချိန်တွေပါပဲ။ ငါ့အမေက ကလေးဘဝအတွက်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ငါထင်တယ်။

လွန်ခဲ့တဲ့နှစ်များအတွင်း Zan ရွေးချယ်ခဲ့တဲ့အကြောင်းအရာများက နိဗ္ဗာန်ဘုံ (ဒါမှမဟုတ်) ပျောက်ဆုံးသွားတဲ့ နိဗ္ဗာန်ဘုံနှင့်ဆက်စပ်လေ့ရှိတယ်Zan ရဲ့ အနုပညာမှာထင်ရှားစွာတွေ့မြင်ရတဲ့ ဒီ နိဗ္ဗာန်ဘုံ အကြောင်းငါတို့ကို ထပ်ပြောပြပေးပါဦး။

သစ်တော (နိဗ္ဗာန်ဘုံ) က ငါ့အတွက် အဓိပ္ပါယ် အများကြီး ရှိတယ်။ ငါ Kuala Lumpur မှာပထမဆုံးအကြိမ်ရောက်ဖူးတာမှတ်မိတယ်၊ မြို့ကြီးမှာနေတုံးအလွယ်တကူလမ်း ပျောက်ပါတယ်။ ဒါပေမဲ့ငါ နိဗ္ဗာန်ဘုံ မှာဘယ်တော့မှလမ်းမပျောက်ဘူး ။ သစ်ပင်တွေနဲ့ မြစ်တွေက ငါ့ကိုလမ်းမှန်ကိုအမြဲပို့ဆောင်ပေးပါတယ်။ ပရဒိသုက နေရာသခုဖြစ်တယ် တစ်ချိန်တည်းမှာ အုပ်ထိန်းသူတစ် ဦး လဲ ဖြစ်တယ်။ အခုဒီနိဗ္ဗာန်ဘုံလေးမှာ နှစ် အကြာကြီး နေချင်တယ်။ ကျွန်တော့် အဘိုးအဘွားများနှင့်အတူနေထိုင်ခဲ့တဲ့ အမှတ်တရကောင်တွေးကို အမြဲ သတိရတယ်။ ဥယျာဉ်ထဲမှာ ဥတွေကို ဘယ်လို စုဆောင်းရမလဲ၊ ဘယ်လိုအသီးကောက်ယူရမလဲဆိုတဲ့ နည်းတွေကို သူတို့ သင်ပေးခဲ့တယ်။

၂၀၀၆ခုနှစ်မှာကျွန်တော့အဘိုးအဘွားတွေကွယ်လွန်သွားပြီးနောက်မှာ ကျွန်တော့်နှလုံးသားထဲမှာ ချစ်မြတ်နိုးရတဲ့ ဒီနိဗ္ဗာန်ဘုံလေး ပျောက်ကွယ်သွားပါတယ်။ အရာအားလုံးဟာ ချိုမြိန်တဲ့ အိပ်မက်တစ်ခုလိုပဲ ပြောင်းလဲကျန်ခဲ့သွားတယ်။ နှစ်အနည်းငယ်အကြာမှာကျွန်‌တောံမိဘတွေက ကွာရှင်းလိုက်ကြတယ်။ ကျွန်တော်နဲ့ ကျွန်တော်မိသားစုကြား ဆက်ဆံရေး ပြောင်းလဲသွားပြီး အရာရာတိုင်းဟာထူးဆန်းလာတယ်။ ဒီနိဗ္ဗာန်ဘုံက နေရာတစ်ခုသာမဟုတ်ပါ၊ ကျွန်တော့်အတွက် အရာရာအားလုံးဖြစ်ပါတယ်။

Memory Of The Ocean Acrylic and charcoal on canvas, 115(H)x210(W)cm (Triptych), 2018

“ Memory” ဆို တဲ့ သဘောတရား က Zan ရဲ့အနုပညာအတွက်အချက်အချာကျတယ်zan ရဲ့ အနာဂတ်အမြင်ကို ဘယ်လို လွမ်းမိုးနေလဲ။

ကျွန်တော့်ရဲ့နောက်ဆုံးတစ်ကိုယ်တော်ပြပွဲ “Retrospect of Paradiso”, 2018, Art Porters Gallery က ကျွန်တော့် ကလေးဘဝအမှတ်တရတွေကို စုစည်း ထားတဲ့ ပြပွဲဖြစ်ပါတယ်။ ဒီပြပွဲမှာ ကျွန်တော့်မိသားစုဆက်ဆံရေးနဲ့ ​ကျွန်တော်နေထိုင်တဲ့ ပတ်၀န်းကျင်ကို အလေးပေးပြီး ဂုဏ်ပြုခဲ့တယ်။ ဒါဟာ ကျွန်တော်နဲ့ ဒီနိဗ္ဗာန်ဘုံအကြား၊ ကျွန်ုတော့မိသားစုနဲ့ဆက်ဆံရေး အကြား ဆက်နွှယ်မှုနေတဲ့ အကြောင်းပါ။

မကြာသေးမီက ကျွန်တော် “De Upside Down” လို့ခေါ်တဲ့ စီးရီးအသစ်တစ်ခုကိုစတင်လုပ်ခဲ့တယ်။ ဒါက မမျှတတဲ့ ကမ္ဘာအကြောင်းရယ်၊ ကျွန်တော့်ရဲ့အမှတ်တရတွေရယ် ပါဝင်တဲ့စီးရီးဖြစ်ပါတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာက ခဏပါပဲ။ ဘယ်အရာမှ အမြဲတမ်း ရှိမနေနိုင်ဘူး။ အချိန်တိုအတွင်းမှာအရာရာလျင်မြန်စွာပြောင်းလဲသွားပြီး ကျွန်တော်တို့ သိကျွမ်းခဲ့တဲ့ ရှုခင်းများက အစိမ်းသက်သက် ဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့အမှတ်တရ မှတ်ဉာဏ်တွေကို ယုံကြည်စိတ်ချလို့ ရနိုင်လား။ ဒီစီးရီး မှာ သဘာ ၀ ရှုခင်းတွေကို နှိုင်းယှဉ်ပြီး ကျွန်တော်တို့ မှတ်မိနေတာနဲ့ အစိမ်းသက်သက်ဖြစ်နေတဲ့ နှစ်ခုကြားက ဆက်စပ်မှုကို ဖေါ်ပြချင်တယ်။ ကိုယ်ပိုင်အမှတ်တရတွေနဲ့  Sabah မှာကြီးပြင်းလာတဲ့အတွေ့အကြုံအပေါ်အခြေခံပြီး ရေးထားတဲ့ ဒီကားတွေက ကျွန်တော့်ပရိသတ်ကို သူတို့ကိုယ်ပိုင်မြင်သာထင်သာနည်းလမ်းတွေနဲ့ သူတို့ကိုပြောပြနိုင်ဖို့မျှော်လင့်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကျွန်တော်လည်း အခြားစီးရီးစီစဉ်ခဲ့ပါတယ်။ ဒီဟာကတော့ ဒီနေ့မှာ တိုးတက်လာတဲ့ နည်းပညာက ကျွန်ုပ်တို့ရဲ့ဘ၀နဲ့ မှတ်ဉာဏ်အပေါ် ဘယ်လိုအကျိုးသက်ရောက်လဲဆိုတာကို အာရုံစိုက် ရည်ညွန်းထားပါတယ်။ စမတ်ဖုန်းအသုံးပြုသူများ နဲ့ ပန်းချီကား များ ထိ‌တွေ့ အပြန်အလှန်ဆက်သွယ်မှုရှိသောအလုပ်ဖြစ်ပါတယ်။ စမတ်ဖုန်းတွေ က ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ မှာ အရေးကြီးလိုအပ်ချက်တစ်ခု ဖြစ်လာပါပြီ။ ဒီနေ့ ကိုင်တွယ်ရမယ့် ပြဿနာက စမတ်ဖုန်း နဲ့ သတင်း အမှတ်တရအချက်အလက်တွေကို ဘယ်လို မှတ်တမ်းတင်တယ်ဆိုတာပါ။

မှတ်ဉာဏ်ကကျွန်တော့်အနုပညာဗဟိုမှာအမြဲရှိတယ်။ ဒါဟာအားလုံးကျွန်တော်တို့ရဲ့ဘဝခရီးမှာမူရင်းဖြစ်ပျက် ပုံပြင်များအကြောင်းပါပဲ။ လူတိုင်းကသူတို့နှလုံးသားထဲမှာကိုယ်ပိုင်ထူးခြားတဲ့ အမှတ်တရ မှတ်ဉာဏ်ရှိတယ်လို့ယုံကြည်တယ်။

We Used To Be Together, Strong Like Stones II Acrylic, charcoal and oil on canvas, 140(H)x120(W), 2018

တရုတ် Contemporary အနုပညာရှင် Zhang Xiaogang နဲ့ သူ့ရဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ “Bloodlines and Family Memoriesက Zan အတွက် လွှမ်းမိုးမှုရှိလားဘယ်လို လွှမ်းမိုးခဲ့လဲ

ဟုတ်ပါတယ်, Zhang Xiaogang ရဲ့ “Bloodlines and Family Memories” က ကျွန်တော်နဲ့အတူ ပဲ့တင်ထပ်နေတယ်။ Zhang Xiaogang လိုမျိုးပဲ ကျွန်ုတော့မိသားစုအယ်လ်ဘမ်တွေက ဓာတ်ပုံဟောင်းတွေကို  အသုံးပြုခဲ့ပါတယ်။ သူက အနီရောင်ကြိုးလိုင်းကို အသုံးပြုပြီးမိသားစုဝင်တွေကို သူ့ပန်းချီကားတွေနဲ့ ချိတ်ဆက်ပြီး သွေးကြောနှင့်ဆက်နွယ်မှုကိုပုံဖော်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့် ဆက်ဆံရေးကို ကိုယ်စားပြုဖို့ကျောက်ခဲတို့ကိုအသုံးပြုပါတယ်။ ကျောက်ခဲတွေကမာတယ်၊ ဒါပေမယ့်ကျွန်တော်မီးသွေးနဲ့ဆွဲတယ်။ မီးသွေးက နိဗ္ဗာန်ဘုံရဲ့ တဖြည်းဖြည်း အားနည်းလာမှုကိုဖော်ပြပါတယ်။ သစ်သားကို အပူချိန်မြင့်မားစွာနဲ့ မီးသွေး အဖြစ်ပြောင်းလဲပြီး အချိန်ကြာကြာ ပြောင်းလဲမှုကိုပြတယ်။ အခြားတစ်ဖက်မှာကတော့ မီးသွေးရဲ့ ကျိုးပဲ့လွယ်ခြင်း ဟာ ရေရှည်တည်တံ့မှုမှာ အားနည်းချက်ကိုရည်ညွှန်းပါတယ်။

I Thought, We Can Stay Strong Like Stones Acrylic, charcoal and oil on canvas, 120(H)x180(W), 2017

၂၀၁၇ ခုနှစ်မှာ UOB Painting of the Year(Malaysia) ဆုရခဲ့တာက Zan ရဲ့ အရည်အချင်းကိုအသိအမှတ်ပြုမှု အနေနဲ့ ဘယ်လောက်အရေးကြီးပါသလဲး။

ပထမ ဦးစွာ အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တွေကို နှစ်စဉ်ထောက်ပံ့ပေးတဲ့ ဒီအစီအစဉ်ကို ကျင်းပပေးတဲ့ အတွက် UOB (United Overseas Bank) ကို ကျေးဇူးတင်ရှိပါတယ်။ ဒါက ကျွန်တော့်ဘဝကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်။ “Tough Like Stones, I Thought” စီးရီးရဲ့ ပထမဦးဆုံးပန်းချီကားကို UOB Painting of the Year 2017 အတွက် ပေးပို့တော့ ကျွန်တော့်မှာ မျှော်လင့်ချက်ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ကျွန်ုပ်ရဲ့စီးရီးအသစ်အတွက်ပိုမိုထိတွေ့မှုရလိုခဲ့သည်။ အဲဒီအချိန်က ကျွန်ပ်အတွက်အခွင့်အရေးပဲ။ အံ့သြစရာကောင်းတာက 2017 Painting of the Year ကို ကျွန်တော်ရခဲ့ပြီး Fukuoka Asian Art Museum မှာတစ်လနေထိုင်ခွင့်လည်းရခဲ့တယ်။ ဒီဆုကကျွန်တော့်အနုပညာနယ်မှာ အကြီးအကျယ်ယုံကြည်မှုရှိစေတယ်။ ဒါ့အပြင် ကျွန်တော် အနုပညာ ခရီး ရဲ့နောက်အဆင့်များအတွက်ကြီးမားသောတွန်းအားလည်း ဖြစ်စေပါတယ်။ တစ်ချိန်တည်းမှာပဲကျွန်ုပ်တော်က Art Porters Gallery မှာ သူတို့အနုပညာရှင်တစ် ဦး အဖြစ်ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော့်အနုပညာခရီးစဉ်မှာ ဒါဟာ စတင်မှုအသစ်နှင့်စိန်ခေါ်မှုအသစ်ပါတယ်။

အနုပညာရှင်တစ်ယောက်အနေနဲ့ Zan ရဲ့နည်းစနစ်က ပန်းချီကားတွေကိုရေးတဲ့အခါမှာ အောက်မှာရှိတဲ့အရောင်တွေ ပေါ်လာဖို့ သစ်သားချပ်ကို ဓါးနဲ့ ထိုးထွင်းတာတွေ့ရတယ်။ ဒီအစိုင်အခဲမျက်နှာပြင်က gesso နှင့်ရောစပ်ထားသောအရောင်တွေ ဖြစ်တယ်။ Zan ဘယ်အချိန်မှာ ဒီနည်းစနစ်ကို စပြီး တွေ့ခဲ့တာလဲ။ 

၂၀၁၇ ခုနှစ်အစောပိုင်းမှာ Kuala Lumpur က Dasein အနုပညာအကယ်ဒမီမှာ ကျူရှင်နဲ့စတူဒီယိုပညာရှင်ဖြစ်ခဲ့တုန်းက ကျွန်တော် ဒီ နည်းစနစ်ကို  ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျွန်တော့်အလုပ်ကကျောင်းသားတွေကို ပုံနှိပ်ခြင်းနှင့်ပန်းပုဘာသာရပ်တွေ လမ်းညွှန်ပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော် canvas ပေါ်မှာ သုံးနိုင်မယ့် ထူးခြားပစ္စည်းတွေကို အမြဲစူးစမ်း စိတ်ဝင်စားတယ်။ ဒီလှုံ့ဆော်မှုက သစ်သားပုံနှိပ်နည်းကနေ လာပါတယ်။ အဲဒီအချိန်တုန်းက canvas ပေါ်ထွင်းဖို့ ဖြစ်နိုင်တဲ့နည်းလမ်းရှိလားတွေးမိတယ်။ တစ်နေ့တော့ gesso ကိုထွင်းဖောက်နိုင်တယ်ဆိုတာကိုကျွန်တော်သဘောပေါက်သွားတယ်။ သူက lino နဲ့ plywood တို့ကို ထွင်းဖောက်သုံးတာနဲ့အတူတူပဲ။ ဒီနည်းပညာကကျွန်တော့်ကို gesso နဲ့ အရောင်ရောအောင် လုပ်နိုင်ပြီး လိုချင်တဲ့အရွယ်အစားကိုဖန်တီးလို့ရတယ်။

အခုနောက်မကြာသေးမီကZanရဲ့အနုပညာအတွက် 3D နည်းစနစ်ကိုအသုံးပြုထား တယ်၊ အဲဒါ အကြောင်းကိုပြောပြပါ။

ကျွန်တော် canvas ပေါ်မှာ texture အသားထည့်သုံးဖို့ စိတ်ဝင်စားမိပါတယ်။ texture ကို အရာဝတ္ထု တစ်ခုရဲ့မျက်နှာပြင်ရဲ့ထိတွေ့နိုင်သောအရည်အသွေးအဖြစ် သတ်မှတ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ထိတွေ့မှုခံစားချက်ကိုပေးပြီး နှစ်သက်စရာ၊ ရင်းနှီးမှု ဒါမှမဟုတ် သက်တောင့်သက်သာ မရှိခြင်း ကို သတိရ စေပါတယ်။ Texture ကို ကျွန်တော့် ခံစားချက်တွေကို ပြောပြနိုင်တဲ့အရာ အဖြစ် အသုံးပြုဖြစ်ပါတယ်။

De UPSITE DOWN Oil on canvas, 120(H)x200(W)cm, 2019

အခု Art Porters Gallery အဖွဲ့နဲ့ နီးနီးကပ်ကပ် လုပ်နေပြီဆိုတော့ Zanရဲ့အနုပညာအမြင်က နိုင်ငံတကာနဲ့ တန်းတူဖြစ်လာပြီလား

ဟုတ်တယ်၊ ကျွန်ပ်ရဲ့လက်ရာတွေကိုနိုင်ငံတကာအဆင့်မှာပြခွင့်ပိုရတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးတကိုယ်တော်ပြပွဲကို Singapore Art Porters Gallery၊ Jakarta Indonesia နှင့်Malaysia Kuala Lumpur က ပြပွဲခန်းမ‌‌‌‌တွေမှာ ပြသခဲ့ရတော့ တော်တော်လေး ပျော်ခဲ့ပါတယ်။ ကျွန်တော့်ပန်ချီကား စုဆောင်းသူတွေကအရှေ့တောင်အာရှမှာသာမက နိုင်ငံတကာမှာလည်းပါ ၀င်ပါတယ်။ ပြပွဲတွေအပြင် အခြားအနုပညာကုန်သည်များနှင့်အတူ Art Porters Gallery မှတဆင့်လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ရပါတယ်။ Art Porters Gallery မှာပါဝင်ခွင့်ရတဲ့အတွက်ကျွန်တော်အရမ်း ၀မ်းသာမိပါတယ်။ သူတို့နဲ့ အလုပ်လုပ်ရတာ အတွေ့အကြုံကောင်းတွေ ရသလို အမှတ်တရတွေလည်း ဖန်တီးခွင့် ရပါတယ်။

De UPSITE DOWN II Oil on canvas 120(H)x160(W)cm 2019

တစ်ကိုယ်တော်ပြပွဲတစ်ခုကို ဘယ်မြို့‌‌တွေ မှာ Zan ပြဖို့ ‌မျှော်လင့်ထားလဲ။

ဘယ်မြို့မှာမဆိုတစ်ကိုယ်တော်ပြသခွင့်ရရင် အရမ်းဝမ်းသာပါတယ်။ မကြာသေးမီကကျွန်ုပ်ရဲ့ဒုတိယတစ်ကိုယ်တော်ပြပွဲကို Malaysia, Kuala Lumpur မှာ စီစဉ်နေပါတယ်။ ဘယ်မြို့မှာမဆိုပိုပြီးထိတွေ့ခွင့်ရချင်ပါတယ်။ ကွဲပြားခြားနားတဲ့ နေရာအမျိုးမျိုးမှာ ကွဲပြားခြားနားတဲ့ အနုပညာကို ချစ်တဲ့ ပရိသတ်တွေက လာ ရောက် အားပေး တယ်လို့ယုံကြည်ပါတယ်။ တစ်ချိန်တည်းမှာပင်ကျွန်တော့်ရဲ့ လက်ရာတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ခံစားချက်ကို ကျွန်ုပ်နားထောင်နိုင်တယ်။ လူတိုင်းက သူတို့ရဲ့အမှတ်တရနဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ကိုယ်ပိုင်နားလည်မှုတွေ အမျိုးမျိုး ရှိကြပါတယ်။

Zan က သဘာဝတရားကို အသေးစိတ် လေ့လာတာကို နှစ်သက်တက်တယ်။ Malaysia အပါအဝင် ကမ္ဘာတဝှမ်းမှာ ဖြစ်နေတဲ့ Covid-19 Lockdown နဲ့ ပတ်သက်ပြီး  Zan ဘာတွေ တွေးမိလဲ။

Covid-19 က ကမ္ဘာ့စီးပွားရေးနှင့်ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝတွေကိုအကြီးအကျယ်ထိခိုက်ခဲ့တယ်။ တစ်ချိန်တည်းမှာ အချို့နိုင်ငံတွေနဲ့ မလေးရှားအပါအ၀င် နိုင်ငံရေးနှင့်အစိုးရ ပြဿနာတွေကို အခုအချိန်မှာ ရင်ဆိုင်နေရတယ်။ တခြားရှုထောင့်က ကြည့်ရင်၊ ဒါက ကျွန်ုပ်တို့ရဲ့မိခင်ကမ္ဘာကိုကုသရန်အချိန်ကောင်းဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေကို စဉ်းစားဖို့၊ စာအုပ်တွေဖတ်ဖို့နဲ့ ကျွန်တော့်ရဲ့ နောက် ပရောဂျက်အကြောင်းပိုမိုလေ့လာဖို့အချိန်ယူနိုင်ပါတယ်။

Zan ရဲ့ အနုပညာနှင့်ကမ္ဘာပေါ်အမြင်ကို လွှမ်းမိုးမှုရှိခဲ့တဲ့ ဆရာတစ်ဦးကို ပြောပါဆိုရင် ဘယ်သူဖြစ်မလဲ။

ကျွန်ုပ်၏အစောပိုင်းအသက်တာမှာ Anselm Kiefer ကို တော်တော်လေး လေ့လာခဲ့တယ်။  ကျွန်တော် သူ့လက်ရာတွေကို တကယ်ကြိုက်တယ်။ သူ့ရဲ့တွေးပုံတွေးနည်းတွေနဲ့ canvas ပေါ်မှာ သုံးစွဲတဲ့ ပစ္စည်းတွေကို လေ့လာတယ်။ ပစ္စည်းတွေက သူတို့ကိုယ်ပိုင်အရေးပါမှုနဲ့ နည်းစနစ်တွေ ရှိပါတယ်။ ဒီကနေပြီးတော့ ကျွန်တော်ရွေးချယ်မယ့် အသုံးပြုတဲ့ပစ္စည်းတွေရယ်၊ ကျွန်တော် ပြောပြချင်တဲ့အကြောင်းအရာတွေကို အမြဲတမ်းစဉ်းစားနေတယ်။ ကျွန်တော့်ရဲ့ ပန်းချီကားတွေပေါ်မှာမီးသွေးသုံးခြင်းနဲ့ ထွင်းထုတဲ့နည်းလိုအရာတွေပေါ့။

ပိုမိုသိရှိလိုပါက

လေ့လာရန် – https://www.artporters.com/

ဆက်သွယ်ရန်: happy@artporters.com

 

 


 
Back to top