Lifestyle / Gastronomy

Justin Quek သည် သူ၏ ဆယ်စုနှစ်သုံးခုကြာ အချက်အပြုတ် အောင်မြင်မှုကို အသေးစိတ် ပြောပြ

စင်ကာပူကို ကမ္ဘာ့အစားအသောက်ဇာတ်ခုံပေါ် တင်ပေးခဲ့ပြီး လူငယ်စားဖိုမှူးတွေ လေးစားအားကျရတဲ့ , Justin Quek ဟာ သူရဲ့ အတွေ့အကြုံတွေနဲ့ အောင်မြင်မှုခရီးကို ပြောပြခဲ့ပါတယ်။

Jul 24, 2020 | ရေးသားသူ - Victor Paul Brang Tun

Justin Quek သည် ငယ်ရွယ်စဉ်ကတည်းကအချက်အပြုတ်အနုပညာကို အလွန်နှစ်သက်ပြီး အာရှတိုက်၏ နာမည်အကြီးဆုံး စားဖိုမှူးများအနက် စင်ကာပူကို အစားအသောက် ချက်ပြုတ်မှုတွင် နာမည်ကျော်စေရုံသာမက ချက်ပြုတ်ပညာရှင် လူငယ်မျိုးဆက်သစ်များအတွက်လည်း အတုယူအားကျစရာ ဖြစ်သည်။

ခေတ်မီနည်းပညာနှင့် တရုတ်ရိုးရာတို့ ကျွမ်းကျင်စွာ ပေါင်းစပ်ပြီး ပြင်သစ်အစားအစာများကို တမူထူးခြားစွာ အဆင့်မြှင့်တင်ရင်း Justin Quek သည် စုစုပေါင်း ဆယ်စုနှစ် သုံးခုကြာ အတွေ့အကြုံများဖြင့် ကမ္ဘာတစ်ဝှမ်းရှိ Michelin-starred စားသောက်ဆိုင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။

စည်းကမ်းအလွန်ကြီးပြီး ရည်မှန်းချက်ကြီးမားသည့် Justin Quek သည် ယခုအခါ Marina Bay Sands ရှိ ‘JustIN Flavours of Asia’ နှင့် ‘Chinoiserie’ တို့တွင် အကြီးအကဲစားဖိုမှူးအဖြစ် တာဝန်ယူထားသည်။

Justin Quek သည် သူ၏ ဆယ်စုနှစ်သုံးခုကြာ အချက်အပြုတ် အောင်မြင်မှုကို အသေးစိတ် ပြောပြခဲ့သည်။

စင်ကာပူက ကမ္ဘာ့အဆင့်မီမြို့တစ်မြို့ ဖြစ်လာပါပြီ။ လူတွေဟာပိုပြီး ခေတ်မီပြီး ပိုကြွယ်ဝလာတယ်။ အပြည်ပြည်ဆိုင်ရာစားဖိုမှူးများနှင့် စားသောက်ဆိုင်များစွာဟာ စင်ကာပူနိုင်ငံအတွက် အကောင်းဆုံးသော မြို့ပြမြို့တော်ဖြစ်လာစေပါတယ်။

Justinက ပြင်သစ်နှင့်အာရှအရသာကို ရောစပ်တဲ့နေရာမှာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တယ်။ အဲ့လိုပေါင်းစပ်တဲ့ ဟင်းလျာတွေကို ဘယ်လိုမျိုး စပြီး စိတ်ဝင်စားလာတာလဲ။

ကျွန်တော် ၁၉၉၁ ခုနှစ် ပြင်သစ်မှာ လေ့ကျင့်နေတုန်းက ပြင်သစ်အစားအစာတွေဟာ အလွန်နူးညံ့သိမ်မွေ့တယ်ဆိုတာ သတိပြုမိပါတယ်။ တရုတ်အစားအစာက အရသာပြင်းထန်တယ်။ ကျွန်တော်ပြင်သစ်နှင့်အာရှအရသာကိုအဲဒီမှာ စတင် ပေါင်းစပ်လေ့လာခဲ့သည်။ တရုတ်နှင့်ပြင်သစ်အစားအစာများဟာ နည်းစနစ်များအရ ထူးခြားမှုရှိတယ်။နှစ်ခုစလုံးရဲ့ အရသာဟန်ချက်ညီမှုဟာ တော်တော်လေး ထူးခြားပါတယ်။ ဥရောပထွက်ကုန်တွေနဲ့ အာရှအစားအစာတွေ ချက်ပြုတ်ပြီး ဥရောပစတိုင် အပြင်အဆင်ပြုလုပ်တာတွေက ၁၉၉၀ ပြည့်နှစ်တွေမှာ လုံးဝ အသစ်အဆန်းဖြစ်တယ်။

Beef Short Ribs with Garlic & Chili

Marina Bay ကို ရင်သပ်ရှုမောဖွယ်ကြည့်နိုင်မယ့် JustIN အကြောင်း နည်းနည်းပြောပြပါဦး။ ဟင်းလျာအရသာအသစ်တွေကို မြည်းစမ်းဖို့ အရမ်းကောင်းတဲ့ နေရာမလား။

JustIN Flavors of Asia ကစင်ကာပူ Skyline နှင့် outdoor alfresco အစားအသောက်အတွေ့အကြုံအတွက် အကောင်းဆုံးနေရာဖြစ်ပါတယ်။ JustIN မှာကျွန်ုပ်တို့ကအကောင်းဆုံးအရည်အသွေးထုတ်ကုန်တွေကို အသုံးပြုတယ်။ ဧည့်သည်တွေဟာ ကျွန်တော်တို့ရဲ့ကမ္ဘာ့စျေးကွက်က ကော့တေးနှင့်စပျစ်ဝိုင် ကောင်းကောင်းအပြင် စားဖိုမှူးရဲ့ ရာသီအလိုက် အထူးဟင်းလျာတွေကို စားသုံးနိုင်ပါတယ်။

Chef Justin’s Signature Foie Gras Xiao Long Bao

JustIN မှာ လာရောက်စားသုံးမယ့် မိတ်ဆွေတွေကို အထူးဟင်းလျာအဖြစ်နဲ့ ဘာကို အကြံပေးမလဲ

JustIN ကို ပြည်ပက သင်တို့ရဲ့မိတ်ဆွေများကိုခေါ်လာခြင်းသည် အရမ်းကောင်းတဲ့ စိတ်ကူး ဖြစ်ပါတယ်။ စင်ကာပူရဲ့အထင်ကရနေရာမှာ တည်ရှိပြီး ကောင်းမွန်တဲ့အာရှအစားအစာ အရသာတွေကို ရနိုင်ပါတယ်။ 

 JustIN မှာ မဖြစ်မနေ မြည်းစမ်းရမယ့် ဟင်းလျာတွေကတော့: Duck Foie Gras Xiao Long Bao, Hokkaido Scallop Har Gow, Kampot White Pepper Lobster, Singapore Chili Crab, Charcoal-grilled Lamb Satay, ကျွန်တော်တို့ရဲ့ အထူးဟင်းလျာ Lobster Hokkien Noodle အပြင် တခြား အရသာထူးခြားကောင်းမွန်တဲ့ ဟင်းလျာတွေ ရှိပါသေးတယ်။

JQ Laksa

Justin ကို ယခုအချက်အပြုတ်လောကမှာ ကမ္ဘာကျော် လူသိများကြတယ်။ အခုမှ စတင်မယ့် လူငယ်စားဖိုမှူးတွေကို ဘာအကြံပေးချင်လဲ။

လူငယ်မျိုးဆက်သစ် စားဖိုမှူးတွေအတွက် အကြံပေးချင်တာက အမြင့်ကြီးကိုတက်ဖို့ စိတ်မလောပါနဲ့။ အခြေခံချက်ပြုတ်နည်းတွေကို ကောင်းကောင်း လေ့လာပြီး မှန်ကန်တဲ့ နည်းစနစ်တွေနဲ့ ချက်ပြုတ်ပညာတွေကို အလုပ်တစ်ခုမှာ အနည်းဆုံး ၂ နှစ်ခန့်  သင်ယူပါ။ အကောင်းဆုံးသင်ပြပေးနိုင်မယ့် ဆရာကို ဆည်းကပ်ပါ။ တခြား စားဖိုမှူးတွေရဲ့ လက်ရာကို မြည်းစမ်းဖို့ ပိုက်ဆံစုပါ။

JQ Lamb Satay

ကမ္ဘာပေါ်က အကြိုက်ဆုံး အစားအသောက်မြို့က ဘာဖြစ်မလဲ

ကျွန်တော်အကြိုက်ဆုံး အစားအသောက်မြို့က Donostia-San Sebastian မြို့ပါ။ မြို့ဟောင်းမှာက Pintxo bars တွေ ရှိတယ်။ Chuletones (aged T-bone steak) ကတော့ ကျွန်ုပ်စားဖူးသမျှထဲ အကောင်းဆုံးအမဲသားဖြစ်ပါတယ်။

အကြိုက်ဆုံးဝိုင်?

ကျွန်ုပ်အကြိုက်ဆုံးဝိုင်တွေကတော့ပြင်သစ်ဝိုင်တွေဖြစ်တဲ့ Burgundy နဲ့ Bordeaux ပါ။

JQ Pepper Lobster

အပန်းဖြေအနားယူဖို့ အာရှမှာ အနှစ်သက်ဆုံး အားလပ်ရက်ခရီးသွားနေရာဆိုရင်ကော

ကျွန်တော့်ဇနီးက ကိုရီးယားလူမျိုး ဖြစ်လို့ ကျွန်တော်ဟာ ကိုရီးယားကို ပြန်လာရတာကို နှစ်သက်ပါတယ်။ မိသားစုနဲ့အတူ ခရီးသွားရင်း၊ ကျေးလက်ဒေသနဲ့ ပင်လယ်ကမ်းခြေကို လည်ပတ်ပြီး သူတို့အတွက် ချက်ပြုတ်ရတာ၊ မတူညီတဲ့ ပတ်ဝန်းကျင် ရာသီဥတုတွေကို ခံစားရတာ၊ အထူးသဖြင့်နွေ ဦး ရာသီနှင့်ဆောင်း ဦး ရာသီတွေကို နှစ်သက်ပါတယ်။

Justin အတွက် အားကျအတုယူရမယ့် ဆရာတစ်ယောက်ရဲ့ နာမည်ကို ပြောပြပေးပါလား။

သူက Oriental ဟိုတယ်မှာ ၂ နှစ်ကြာလေ့ကျင့်ပေးခဲ့တဲ့စားဖိုမှူး Chef Bertrand Langlet ပါ။ သူကကျွန်တော့်ကိုပြင်သစ်နိုင်ငံမှာ အလုပ်လုပ်ဖို့ ချိတ်ဆက်ပေးခဲ့တယ်။ သူကပြင်သစ်စကားကို သင်ယူဖို့ လှုံ့ဆော်ပေးခဲ့တယ်။

 

 

 

 

 

 


 
Back to top