Style / Jewellery

သဘာဝအတိုင်း လှပနေတဲ့ Cartier SurNaturel High Jewellery

Cartier’၏ [Sur]Naturel High Jewellery Collection အသစ်သည် ဘဝကို ထင်ဟပ်စေပြီး လူသားတွေရဲ့ အိမ်တွင်းအောင်းနေမှုမှ ပေါ်ပေါက်လာသော ပြီးပြည့်စုံသော အနုပညာ ဖြစ်သည်။

Jul 24, 2020 | ရေးသားသူ - LUXUO

Cartier ၏ SurNaturel High Jewellery Collection အသစ်သည် ဘဝကိုထင်ဟပ်စေသည့် အနုပညာ ဖြစ်ပါသည်။ Covid 19 ရောဂါမကူးစက်စေရန် ခွဲထားသည့်အချိန်ကာလတွင် စိုက်ပျိုးရေးလုပ်ငန်းသည် အခြေအနေကောင်းသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။

ဥရောပတိုက်ကြီးနှင့်အမေရိကန်တိုက်တစ်လွှားတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ရောင်းအားသည် ကမ္ဘာတစ်ဝှမ်းတွင် အရောင်းတက်နေသည်ဟု ရိုက်တာသတင်းဌာနက ပြောကြားခဲ့သည်။ လူတွေဟာ အိမ်တွင်းစိုက်ပျိုးရေးကို ဝါသနာတစ်ခုအဖြစ် ပိုမိုလုပ်ဆောင်လာကြတယ်။ ထို့အပြင်စားနပ်ရိက္ခာဖူလုံမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများကိုလည်းလျှော့ချပေးနှိင်သည်။   စင်ကာပူကဲ့သို့ မြေရှားပါးသည့် အရှေ့တောင်အာရှမြို့ကြီးများတွင် အိမ်မှာ အလုပ်လုပ်ကြရတဲ့ မိဘတွေဟာ လသာဆောင်ပေါ်မှာ ဥယျာဉ်စိုက်ပျိုးခြင်းကို ကျန်းမာရေးအတွက် ပြုလုပ်လာကြသည်။

New Cartier SurNaturel High Jewellery Collection: အနုပညာတွင် ထာဝရ အရာ ဖြစ်ခြင်း

“အစစ်အမှန်ကို ကျော်လွန်ပြီး အသစ်တီထွင်ခြင်းဖြင့် Cartier သည်၎င်း၏ ကိုယ်ပိုင်စတိုင်ကြွယ်ဝမှုနှင့် ကျွမ်းကျင်မှုများကိုပြန်လည်ပြုပြင်ခြင်းအားဖြင့် ထူးခြားသော သဘာဝအလှအပဆီသို့ လမ်းဖောက်ပေးခဲ့သည်။ ”

Cartier မှ New Cartier SurNaturel High Jewellery Collection ကို [Sur] Naturel ဟုအမည်ပေးထားပြီး ၎င်းသည် သဘာဝတရား၏ အတားအဆီးများမှ လွတ်မြောက်စေသည့် သဘောသဘာဝကို ဖော်ညွှန်းပါသည်။ သို့သော် ကပ်ရောဂါကာလဟာ တကယ့်ကို အတားအဆီးတစ်ခုဖြစ်နေသည့်အတွက် Cartier ၏ New Cartier SurNaturel High Jewellery Collection သည် သစ်ပင်ပန်းမန်များနှင့် ရေ၏ ထာဝရသဘာဝကို ပုံတူပွားစေသော အဖိုးတန်သတ္တုနှင့် ကျောက်တုံးများတွင် အမြစ်တွယ်နေသော သန္ဓေတည်ခြင်း ကို တွေ့ရှိရပါသည်။

ဗိုင်းရပ်စ်တစ်ခု သို့မဟုတ် ရာသီဥတုပြောင်းလဲမှုက ကျွန်ုပ်တို့ကို သုတ်သင်ပစ်နိုင်သော်လည်းကမ္ဘာကြီးသည် သဘာဝတရားသည် တည်ရှိနေမည်ဖြစ်ပါသည်။

 

အခြားသော တန်ဖိုးကြီးမားသည့် ရတနာစုဆောင်းမှုအားလုံးကဲ့သို့ပင် Cartier [Sur] Naturel သည် တန်ဖိုးအရှိဆုံး၊ ရှေးဟောင်း၊ လှပသည့် လျှို့ဝှက်ဆန်းကြယ်သောကျောက်တုံးများ၊  (သက်ရှိသတ္တဝါများကို ၀တ်ပြုဆင်ယင်ထားသောအရာ) နှင့် အပင်နှင့်သတ္တဝါများ၏အလှအပ ကိုပြသထားသည်။

Cartier ၏ SurNaturel ရတနာစုဆောင်းမှုတွင် ရောင်စုံအစက်အပြောက်များရှိသည့် အပင်တစ်ပင်၏အဝိုင်းသည် တိရိစ္ဆာန်အရေခွံတစ်ခု သို့မဟုတ် တောက်ပနေသော ရေခဲပုံဆောင်ခဲများကို ကိုယ်စားပြုသည်။ အဆိုပါရတနာစိတ်ကူးများနှင့် အတူ တောရိုင်းကိုစိတ်ကူးယဉ်နှင့်ရောစပ်ခြင်းကို၊ စိန်၊ မြနှင့်နီလာတို့ကို opal နှင့် kunzite, coral နှင့် aquamarine, beryl ,quartz တို့နှင့် ပေါင်းစပ်ထားသည်။ ရတနာကျောက်တုံးများသည် သူတို့၏ပွင့်လင်းမြင်သာမှုနှင့် နက်ရှိုင်းမှုကိုပြကြသည်။

Cartier SurNaturel Tillandsia

စုစုပေါင်း အလေးချိန် ၁၁.၃၁ ကာရတ်ရှိသည့် ဇမ်ဘီယာနိုင်ငံမှ ရှစ်ထောင့် မြ နှင့် ရွှေဖြူ ၊ စုစုပေါင်း အလေးချိန် ၆.၉၀ ကာရတ်ရှိသည့် တစ်ဖက်ချွန်စိန် F VS1/VS2 နှစ်ခု၊ တစ်ဖက်ချွန်စိန်များ၊ လေးထောင့်စိန်များ၊ အထူးဖြတ်တောက်ထားသည့် အရည်အသွေးကောင်း စိန်များ။

Cartier Panthere Tropicale နာရီ

စုစုပေါင်း အလေးချိန် ၁၆၃.၉၇ ကာရတ်ရှိသည့် ရွှေဖြူနှင့် ဘဲဥပုံ အစိမ်းရောင် beryls နှစ်ခု၊ ၀.၅၅ ကာရတ် အဝါရောင် ပဲစေ့ပုံ စိန် တစ်လုံး၊ ၀.၅၃ ကာရတ် လိမ္မော်ညို အရင့် ပဲစေ့ပုံ စိန်တစ်လုံး၊ rutilated quartz၊ အညိုရောင် ပဲစေ့ပုံ စိန်များ၊ အဝါရောင် နှင်းဆီပုံ စိန်များ၊ အဝါနှင့် အဖြူစိန်များ။

Cartier SurNaturel Hemis

ရွှေဖြူ၊ ၇၁.၀၈ ကာရတ် ခေါင်းအုံးပုံ kunzite, opals, ပန်းရောင်နှင့် အဖြူရောင် စိန်များ။

 


 
Back to top