Culture / Art Republik

Dynamic Portraits များမှတစ်ဆင့် စိတ်ခံစားမှုကို သရုပ်ဖော်သည့် Kos Cos

Kos ၏ ပန်းချီသည် သမားရိုးကျထက်ကျော်လွန်ပြီး ကွက်ကွက်ကွင်းကွင်းအရောင်နှင့် ရဲရင့်သော ဆွဲကြောင်းများဖြင့် လှုပ်ရှားမှုနှင့် စွမ်းအင်ဖြည့်စွက်မှုများ ကိုသရုပ်ဖော်သည်။

Aug 17, 2020 | ရေးသားသူ - Victor Paul Brang Tun

လက်ဖြင့်ဆွဲထားသောဆိုင်းဘုတ်များ ခေတ်စားချိန်တွင် ဟောင်ကောင်အခြေစိုက်အနုပညာရှင် Kos Cos သည်ဖခင်၏ အေဂျင်စီအလုပ်ရုံကို ကိုယ်ပိုင်လေ့ကျင့်ရန်နေရာအဖြစ် ပြောင်းလဲခဲ့သည်။ သူသည်ထင်ရှားသောအရောင်များနှင့် ရဲရင့်စွာကိုင်တွယ်ခြင်းဖြင့် ထူးခြားသောပုံတူများရေးခြင်းကြောင့် ကျော်ကြားသည်။ Kos သည် သမားရိုးကျအစဉ်အလာကို ကျော်လွန်၍  လှုပ်ရှားမှုနှင့်စွမ်းအင်ကို ထပ်မံပေါင်းထည့်ကာ လှုပ်ရှားအသက်ဝင်သော ပန်းချီကို ဖန်တီးနိုင်သည်။

 Kos Cos သည် Dynamic Portraits များမှတစ်ဆင့် ကျွန်ုပ်တို့ရဲ့စိတ်ခံစားမှုကို သရုပ်ဖော်သည်

ပန်းရောင်ရှိ Nam – canvas ပေါ်တွင် ဆီဆေးဖြင့်ရေးသည်

Kos ကို ၁၉၇၄ ခုနှစ် သီရိလင်္ကာနိုင်ငံ အနုပညာမိသားစုတစ်ခုမှာ မွေးဖွားခဲ့တယ်။ အဲ့အချိန်ကာလတုန်းက ဘဝရဲ့မှတ်မှတ်ရရရှိနေတဲ့ အဖြစ်အပျက်တွေ ရှိလား။ အဲ့ဒီ့ အမှတ်တရတွေက Kosရဲ့အနုပညာအပေါ် ဘယ်လောက်လွှမ်းမိုးမှု ရှိသလဲ

ကျွန်တော့်မိဘတွေဆီမှာ ကျွန်တော်မွေးဖွားလာတာ ကံကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်ုပ်က းအခြားကလေးတွေလိုပဲ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာ ၇၀ နှောင်းပိုင်းမှ ၈၀ ပြည့်နှစ်တွေအထိ နေထိုင်ကြီးပြင်းလာတယ်။ ဘ၀က နှေးကွေးပြီး ရိုးစင်းတယ်။ ကျွန်တော့်ရဲ့ဆယ်ကျော်သက်အရွယ်လောက်မှာ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Mount Lavinia ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီမှာ ပင်လယ်နဲ့ ကျွန်တော့်ဆက်ဆံရေးကို စတိုးတက်စေခဲ့ပါတယ်။ ကျွန်တော် ကြီးပြင်းလာစဉ်မှာ သူငယ်ချင်းကောင်းတွေ အများကြီး ရှိတယ်၊ ခရစ်ကက် ကစားတာက ကျွန်တော်တို့ အကြိုက်ဆုံးအချိန် ဖြစ်တယ်။ အထက်တန်းကျောင်းအထိ ပညာရေးအပေါ် စိတ်ဝင်စားမှုရှိသေးတာကို သတိရပါတယ်။ ကျွန်တော် တဖြည်းဖြည်း ပညာရေးကိုစိတ်မပါတော့ပဲ ပုံမှန်ဆယ်ကျော်သက်လှုပ်ရှားမှုတွေအပေါ် ပိုပြီး စိတ်ဝင်စားလာတယ်။

ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အင်ဂျင်နီယာတစ်ယောက် ဖြစ်စေချင်တယ်။ ဒါကြောင့် သူတို့က ကျွန်တော့်ကို အနုပညာနဲ့ အခြားအရာတွေကို လေ့လာခွင့်မပေးဘူး။ ဒါကြောင့် ကျွန်တော်က အနုပညာကို သေသေချာချာ လေ့လာခဲ့ရတာတော့ မဟုတ်ဘူး။ နောက်ပိုင်းမှာ ကျွန်တော့အဖေက နိုင်ငံရေးကာတွန်းပညာကိုသင်ယူဖို့ သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ပန်းချီဆရာတစ်ယောက်ဆီ ပို့လိုက်တယ်။ ကျွန်တော့်ရဲ့အိမ်မှာဖန်တီးမှုတွေ အမြဲတမ်းရှိပြီး ကျွန်တော့်ကို အများကြီး လွှမ်းမိုးခဲ့တယ်။ အမေကအားလပ်ချိန်မှာအထည်အလိပ်တွေသုံးပြီး စပ်ချုပ်လေ့ ရှိတယ်။ သူ့ရဲ့ အပ်ချုပ်စက်ဘေးမှာ ရောင်စုံအထည်တွေ အများကြီး ရှိတယ်။ အမေက အရောင်အသွေးစုံတဲ့ အထည်တွေကို ပေါင်းစပ်ပြီး အရမ်းကြည့်လို့ကောင်းတဲ့ နံရံကပ်ချိတ်ဆွဲမှုတွေ လုပ်တာကို ကျွန်ုတော်ကြည့်ခဲ့တယ်။ အဲ့တာကပဲ ကျွန်တော့်ရဲ့ အရောင်တွေကို စိတ်ဝင်စားမှုအပေါ်  လွှမ်းမိုးမှု ရှိတယ်လို့ ခံစားမိတယ်။ ကျွန်တော့အဖေမှာ ကိုယ်ပိုင် ကြော်ငြာအေဂျင်စီလုပ်ငန်း ရှိခဲ့တယ်။ ကျွန်တော် ၇-၈ နှစ် အရွယ်မှာ အဲ့တာနဲ့ ပတ်သက်ပြီး အမှတ်တရတွေ ရှိတယ်။ ကျောင်းဆင်းတာနဲ့ အဖေ့ရဲ့ အလုပ်ရုံကို သွားပြီး အနုပညာရှင်တွေ ကြော်ငြာဆိုင်းဘုတ်တွေ လုပ်နေတာကို ကြည့်နေတတ်တာကို သတိရသေးတယ်။အဖေ့ရဲ့ အေဂျင်စီမှာ အနုပညာရှင်တွေက ကလေးငယ်ပုံတွေကစပြီး ရုပ်ရှင်အနုပညာရှင်တွေ၊ နို့မှုန့်နဲ့စီးကရက်တွေကို ကြော်ငြာအတွက် တီထွင်ရေးနေကြတာကို တွေ့ခွင့်ရခဲ့တယ်။ ဒါ့အပြင် ပန်းချီဆွဲတာရယ်၊ ပန်းချီဆွဲဖို့အတွက်သုံးတဲ့ ပစ္စည်းတွေလည်း ကျွန်တော် ရခဲ့တယ်။

ဝမ်းနည်းစရာကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂-၃ နှစ်အတွင်း လက်နဲ့ ပန်းချီရေးတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ အားလုံးဟာ ဒီဂျစ်တယ်စနစ်နဲ့ ဖြစ်သွားတယ်။ ကျွန်တော့်အတွက် ဒီလိုထိတွေ့မှုတွေရှိခဲ့တာ၊ သင်ယူခဲ့ရတာတွေဟာ အလွန်ကံကောင်းတယ်လို့ ယုံကြည်တယ်။ နောက်ကြောင်းပြန်လှည့်ကြည့်ရင် ဒီကြော်ငြာဆိုင်းဘုတ်တွေက ကျွန်ုပ်ရဲ့အစောပိုင်း ပုံတူလုပ်ငန်းတွေအပေါ်  လွှမ်းမိုးမှု အများကြီး ရှိခဲ့တယ်။

Lucid Dreams 03 – Canvas ပေါ်မှဆီချောင်း၊ ဆီဆေးနှင့် Acrylic

၁၉၉၉ ခုနှစ်မှာ Kos ကဟောင်ကောင်ကို ပြောင်းရွှေ့ခဲ့ပြီး ကြော်ငြာဖန်တီးမှု နယ်ပယ်မှာ အလုပ်လုပ်တယ်။ ဘဝက ပြောင်းလဲမှုတွေ ရှိခဲ့တယ်ပေါ့။ ဟောင်ကောင်က Kos ကို ဘယ်လိုဆွဲဆောင်ခဲ့တာလဲ။ Kosရဲ့ အနုပညာနဲ့ ဖန်တီးမှုကို အပြည့်အဝအာရုံစိုက်ဖို့ ဘယ်အချိန်မှာ ဆုံးဖြတ်ခဲ့တာလဲ

ကျွန်တော် ဟောင်ကောင်ကို ပြောင်းရွှေ့ဖို့ မစီစဉ်ခဲ့ဘူး။  ဒါက ရုတ်တရက် ဖြစ်လာတဲ့ အခွင့်အလမ်းပါ။ တစ်နေ့မှာတော့ ကျွန်တော်ကသီရိလင်္ကာမှာရှိတဲ့ ကျွန်တော့လိုပဲ ကြော်ငြာအေဂျင်စီမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တော့ရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်က ဖုန်းခေါ်တယ်။ ကျွန်တော် ဟောင်ကောင်ကိုလာပြီး အလုပ်လုပ်ချင်သလားလို့ သူက ကျွန်တော့်ကို မေးတယ်၊ ကျွန်တော်က သွားမယ်လို့ မိဘတွေကိုပြောခဲ့တယ်။ ၂၁ နှစ်ကြာပြီးတဲ့နောက် ကျွန်တော်ဟောင်ကောင်ကို ရောက်နေပါပြီ။

အဲ့အချိန်က ဟောင်ကောင်ဟာ ကြော်ငြာလုပ်ငန်းမှာ ထိပ်တန်းအဆင့်ပဲ။ ထင်ရှားကျော်ကြားတဲ့ ဖန်တီးမှုကြော်ငြာတွေကို ထုတ်လုပ်တဲ့ အေဂျင်စီတွေ ရှိတယ်။ Multimedia နှင့် Web မှာလည်း အများကြီး ရှေ့ရောက်နေခဲ့တယ်။ ကျွန်တော့်အတွက် ဒီဆော့ဖ်ဝဲအသစ်နဲ့ အတွေးအေခါ်အသစ်တွေနဲ့အတူ သင်ယူစရာ အသစ်တွေ ရှိတဲ့ နေရာဖြစ်ခဲ့တယ်။ ထိပ်တန်းဖန်တီးမှုဒါရိုက်တာတွေနဲ့ အလုပ်လုပ်ရတာဟာ ကျွန်တော့်ကို စိတ်ကူးအသစ်တွေ ထွက်ပေါ်လာဖို့ လှုံ့ဆော်ပေးခဲ့တယ်။ ကိရိယာအသစ်တွေကို သင်ယူပြီး မီဒီယာအသစ်နဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့လည်းလိုတယ်။

အဲ့အချိန်ကတည်းက ဟောင်ကောင်ဟာ နိုင်ငံတကာနဲ့ ပြည်တွင်းပြခန်းတွေ၊ အနုပညာရှင်တွေ၊ ပြပွဲတွေနဲ့ အတူ အာရှရဲ့ ထိပ်တန်းအနုပညာဗဟို ဖြစ်တယ်။ အနုပညာရှင်တစ်ဦးအတွက် ဒီဟာက တော်တော်များများ ထိတွေ့ခွင့်ရပြီး ကျွန်တော့်ရဲ့အနုပညာလက်ရာတွေကို အများကြီးလွှမ်းမိုးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ၎င်းဟာကိုလံဘို/သီရိလင်္ကာနဲ့ နှိုင်းယှဉ်ရင် အနုပညာအမြင်အရ အလွန်ပြောင်းလဲမှုဖြစ်တယ်။ ဒါဟာလူတစ်ဦး အနေနဲ့ သင်ယူဖို့၊ စမ်းသပ်ဖို့နဲ့ တိုးတက်လာဖို့ အရမ်း ကောင်းတဲ့ အခွင့်အလမ်း ဖြစ်ခဲ့တယ်။

သီရိလင်္ကာကနေ ဟောင်ကောင်ကို ရောက်လာတာဟာ နီယွန်မီးရောင်စုံတွေနဲ့ မြင့်မားတဲ့ ဖန်သားအဆောက်အဦးတွေ၊ ကွန်ကရစ်အဆောက်အအုံတွေရှိတဲ့ အနာဂတ်မြို့တော်ကို ရောက်လာတာနဲ့ တူတယ်။ ဒါဟာ အမြင်အာရုံအတွက် ခံစားဖို့ အကောင်းဆုံးပဲ။ အစားအစာစားရတာတောင် ထူးဆန်းတယ်။ အရသာထူးထူးခြားခြားမရှိပဲ (သီရိလင်္ကာလူမျိုးတွေဟာ အစပ် ကြိုက်တယ်) တုတ်နှစ်ချောင်း(တူ)နဲ့ စားရတာ ထူးဆန်းတဲ့အတွေ့အကြုံပဲ။

ဒစ်ဂျစ်တယ်နဲ့ လူမှုကွန်ယက် ကျယ်ပြန့်လာတာနဲ့အတူ တီထွင်ဖန်တီးမှုကြော်ငြာစက်မှုလုပ်ငန်းတွေက တဖြည်းဖြည်း မှေးမှိန်လာတယ်လို့ ကျွန်တော် စတင်ခံစားခဲ့ရတယ်။ တကယ်တော့ ဒီအပြောင်းအလဲကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျွန်တော် ခံစားခဲ့ရတယ်။ အဲဒီအချိန်မှာ ကန့်သတ်ချက်မရှိဘဲ ကျွန်တော့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြသဖို့ ပန်းချီကားတွေဆီ ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ လွန်ခဲ့သော ၈ နှစ်ခန့်ကဟောင်ကောင်က ပြခန်းတစ်ခုမှာ ကျွန်ုပ်ရဲ့ပန်းချီကို အသိအမှတ်ပြုခံရတယ်။ အဲ့ဒီနောက်မှာ ကျွန်ုပ်ရဲ့ပန်းချီတွေကို ဟောင်ကောင်နဲ့ ဗြိတိန်နိုင်ငံက ပြခန်းတွေမှာ ပုံမှန်ပြသခဲ့တယ်။

၂၀၁၉ ခုနှစ်မှာ အနုပညာကို အပြည့်အဝအာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကျွန်တော့ရဲ့တီထွင်ဖန်တီးမှု ပါတနာနဲ့ ဘယ်လ်ဂျီယံမှာ နောက်ထပ်စတူဒီယိုကို ဖွင့်ခဲ့တယ်။

မှောင်မိုက်သောနေရာ (ဆီဆေး) (Life Goes on within you without you)

ပုံတူပန်းချီကားတွေဟာ Kos ရဲ့အနုပညာမှာ အဓိကကျပါတယ်။ လူသားတွေရဲ့မျက်နှာ မတူကွဲပြားမှုများအားလုံးမှာ Kos နှစ်သက်တဲ့ အကြောင်း ပြောပြပါ။

ဟုတ်တယ်။ ကျွန်တော်က အခြားပန်းချီကားတွေထက် ပုံတူပန်းချီကားတွေကို ပိုပြီး ဆွဲဆောင်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့မျက်နှာက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာ ဖြစ်တယ်။ လူ့မျက်နှာဟာ ရှုပ်ထွေးပြီး စိတ်ခံစားမှုတွေနဲ့ အမြဲတမ်းပြောင်းလဲနေတယ်။ ကမ္ဘာပေါ်က အရာများအားလုံးထဲတွင် လူသားများဟာ အခြားလူသားတစ်ဦး ရဲ့မျက်နှာကို စိတ်၀င်စားဖို့ အများဆုံး ဖြစ်ပေါ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကလူတစ်ယောက်အကြောင်းကို အများကြီး ဖော်ပြပေးလို့ပါ။ ကျွန်ုပ်တို့ တစ်စုံတစ်ဦးနဲ့ တွေ့ဆုံတဲ့အခါ ကျွန်တော်တို့က သူတို့ရဲ့မျက်နှာကို. ကြည့်ပြီး သူတို့ရဲ့ခံစားချက်တွေကို ဖတ်ပြီး သူတို့ရဲ့ပင်ကိုစရိုက်ကို နားလည်ကြတယ်။

ပုံတူဓာတ်ပုံရဲ့ဖွံ့ဖြိုးတိုးတက်မှုကြောင့် ပုံတူကူးခြင်းအနုပညာက ပျောက်ကွယ်လာတယ်လို့ ထင်ပါတယ်။ တဖြည်းဖြည်း ရွှေ့ဆိုင်းခဲ့ကြတဲ့ ပုံတူ‌ရေး အနုပညာရှင်အများအပြားအကြောင်းကို ကျွန်တော်သိပါတယ်။ ဒါကြောင့် အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို စိန်ခေါ်ချင်တယ်။ ဒါကြောင့် ကျွန်တော် ပုံတူတွေနဲ့ စခဲ့တာပါ။ ဒါ့အပြင် ရိုးရာပုံတူတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်အနုပညာလက်ရာတွေကို မပြည့်စုံတဲ့ပုံတူတွေအနေနဲ့ချန်ထားလိုတယ်။ ဒါက ခေတ်သစ်ထိတွေ့မှုသာမကဘဲ ကြည့်ရှုသူတွေ စိတ်အပိုင်းအစနှင့် ပိုမိုထိတွေ့နိုင်တယ်။

ဘုရင်မင်းမြတ် VI_ မီးသွေးနှင့် Acrylic အပေါ် Canvas (Serene Majesty)

Kos ရဲ့ပန်းချီနည်းစနစ်တွေအကြောင်း ပြောပြပါ။ Kos ဟာ ပစ္စည်းအသစ်တွေနဲ့ ရောနှောနေတဲ့ မီဒီယာအမျိုးမျိုးကို အမြဲတမ်းစမ်းသပ်နေတယ်။

ဆီဆေးက ကျွန်တော် အဓိကသုံးတာ ဖြစ်ပေမယ့် နှစ်တွေကြာလာတာနဲ့ လွှမ်းမိုးတဲ့ အကြောင်းအရာနှင့်အတူပြောင်းလဲခဲ့တယ်။ ကျွန်တော့်ရဲ့ အစောပိုင်းအကျင့်တွေမှာ ကျွန်တော်က မီးသွေးပုံကြမ်းနဲ့ အစပြုခဲ့တယ်။ ပြီးတော့ မီးသွေးအမှတ်အသားအားလုံးကို ဆီဆေးသုတ်ခြင်းဖြင့် ဖုံးအုပ်ခဲ့တယ်။

အဲဒီနောက်မှာတော့ ကျွန်တော်ဟာ အချစ်ဆုံးတိရစ္ဆာန်ဖြစ်တဲ့ ဆင်တွေဖြစ်တဲ့ ‘Serene Majesty’ လို့ ခေါ်တဲ့ စီးရီးတစ်ခု လုပ်ခဲ့တယ်။ ဒီစီးရီးမှာလည်း မီးသွေးပုံကြမ်းတွေနဲ့ စတင်ခဲ့တယ်။အဲ့ဒါပြီးတော့ ကျွန်တော်ကမီးသွေးအမှတ်အသားတွေကို မဖုံးအုပ်ရင် ဆင်ရဲ့စရိုက်လက္ခဏာကို အသက်ဝင်စေနိုင်တာကို မြင်ခဲ့တယ်။ နောက်ပိုင်းမှာ ပါရီက Orsay ပြတိုက်မှာ Edgar Degas ရဲ့ ‘Two Dancers resting’ ကိုမြင်ပြီးတဲ့နောက်မှာ pastels နှင့်စမ်းသပ်ခဲ့တယ်။ Basquiat နဲ့ George Condo က ဆီချောင်းတွေနဲ့ လုပ်ဖို့ ကျွန်တော့်ကို အကြံရစေခဲ့တယ်။ ဆီချောင်းတွေက ကျွန်တော် အရမ်းသဘောကျတဲ့ အလွန်ကောင်းတဲ့ ကြားခံတစ်ခုဖြစ်တယ်။

ကျွန်တော်လည်း စမ်းသပ်မှုအကျင့်နဲ့ ဖန်တီးဖို့ ကွဲပြားခြားနားတဲ့ကြားခံတွေ ပေါင်းစပ်ဖို့ကြိုးစားပါတယ်။ ဒီတော့ ကျွန်တော့် နည်းစနစ်က ကျွန်တော်သုံးတဲ့ ကြားခံအပေါ်မှာ အခြေခံပြီး ပြောင်းလဲတယ်။

ဒီထူထပ်တဲ့ ထင်ထင်ရှားရှားဖြစ်တဲ့ သုတ်ဆေးအရောင်သုံးတာဟာ အနုပညာရှင်တစ်ယောက်အနေနဲ့ Kos ရဲ့ ကိုယ်ပိုင် လက်ရာလား။

ကျွန်တော့်ရဲ့ အစောပိုင်းလက်ရာတွေအတွက်တော့ ဟုတ်တယ်။ ဂရုတစိုက်ရွေးချယ်ထားတဲ့တက်ကြွတဲ့အရောင်တွေကို Canvas စ ပေါ်ကို သွန်းလောင်းပြီး အပြင်ဘက်အလွှာ ခြောက်သွေ့တဲ့အထိ စောင့်တယ်။ ပုံတစ်ပုံလုံးကို ဒီအပေါ်ယံအလွှာအပေါ် ခြယ်သထားတယ်။ ပြီးတော့ palette ဓါးသုံးပြီး ခွဲခြမ်းပါတယ်။

မကြာသေးမီ အတိတ်ကာလမှာပဲ ကျွန်တော်စမ်းသပ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်က အနုပညာရှင်တစ်ဦး အဖြစ် ကျွန်တော်ရဲ့ အမှတ်အသားလက်ရာလို့မခေါ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်ုပ်ရဲ့နောက်ဆုံးပန်းချီတွေကထူးခြားတဲ့လက်ရာတစ်ခုအဖြစ် ပိုမိုထင်ဟပ်နေတယ်လို့ ကျွန်တော် ခံစားမိတယ်။ ကျွန်တော်က ဒီအရာအပေါ်အကောင်းမြင်တယ်။ တကယ်တော့ ကျွန်တော်ကလည်း ဒီစီးရီးအပေါ် အခြေခံပြီး ပန်းပုလုပ်ဖို့ စီစဉ်နေတယ်။

Kosရဲ့အနုပညာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ပြောင်းလဲလာခဲ့တယ်။ Kosရဲ့ နောက်ဆုံးပန်းချီ၊ ဘာဇာတ်လမ်းကို ပြောပြသလဲ။

အနုပညာရှင်များစွာဟာ သူတို့ရဲ့အတွေးတွေကို ပန်းချီကားတွေမှတစ်ဆင့် ဖော်ပြလိုကြတယ်။ သို့သော်လည်းကျွန်တော်က ကျွန်တော့် “Shape of a thought” စုဆောင်းမှုအတွက် ဆန့်ကျင်ဘက် ဦးတည်စဉ်းစားမိတယ်။

ကျွန်တော့်အတွက်တော့ အတွေးတစ်ခုရဲ့ ပုံသဏ္ဏန်နဲ့ ကစားဖို့အလွန်စိတ်ကူးစိတ်သန်းတစ်ခု ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့အတွေးတွေဟာ အရောင်၊ အရွယ်အစား၊ အလေးချိန်၊ ပုံသဏ္ဏန်နဲ့ ဘယ်ကနေဖြစ်ပေါ်လာသလဲဆိုတာကို ဘယ်သူမှအမှန်တကယ်မသိပါဘူး။ ကျွန်ုပ်တို့ဟာ အတွေးများတဲ့ အာရုံကြောလုပ်ငန်းစဉ်တွေကနေ ထွက်ပေါ်လာတယ်လို့ ပြောနိုင်တယ်။ အတွေးတွေဟာ ပုံစံတွေနဲ့ အရောင်တွေအကြား အပြန်အလှန်ဆက်စပ်မှုရဲ့ရလဒ်ဖြစ်တယ် – ၎င်းတို့ဟာမြင်ကွင်းတွေနှင့်စိတ်လှုပ်ရှားမှုတွေကိုထိတွေ့စေတဲ့ဗေဒအတွေ့အကြုံကိုဖန်တီးပါတယ်။

ကျွန်ုပ်တို့ရဲ့ ဦးနှောက်ထဲကို နေ့စဉ်ခွင့်ပြုလိုက်တဲ့ အတွေးတွေဟာ ကျွန်တော်တို့ရဲ့ ဘ၀တွေကို ပုံသွင်းပေးပြီးကျွန်ုပ်တို့ရဲ့အနာဂတ်ကို အကျိုးသက်ရောက်တယ်။ ကျွန်ုပ်တို့ရဲ့အပြုအမူတွေ၊ ဆုံးဖြတ်ချက်တွေအတွက်အထောက်အကူပြုပြီး ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေ၊ ကိုယ်ရည်ကိုယ်သွေးနှင့် စရိုက်တွေက ကျွန်ုပ်တို့ရဲ့အတွေးတွေအပေါ်မှာ အခြေခံတယ်။ ကျွန်ုပ်တို့ရဲ့အတွေးတွေက ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့ ပရိုဖိုင်းတွေကဲ့သို့ ထူးခြားတယ်။ ထို့ကြောင့် ကျွန်ုပ်က အတွေးတွေကို လူ့ပုံသဏ္ဏန်အဖြစ်ပုံသဏ္ဏန် သို့မဟုတ် စက်လုံးပုံသဏ္ဏန်ဖြင့် ဖန်တီးခဲ့တယ်။ ဒါဟာ ချည်ငင်ထိပ် သို့မဟုတ် UFO တစ်ခုနှင့်တူတယ်။

ဒီဖြစ်စဉ်ကို ဖန်တီးဖို့ ကွဲပြားခြားနားတဲ့ အရောင်ပေါင်းစပ်မှုတွေ ရွေးချယ်ပြီး အတွေးတွေကို ဒီမြင်ကွင်းတွေနဲ့ပြသခဲ့တယ်။ ထို့ကြောင့် အရောင်တွေဟာ မြင်ကွင်းကို မြင်ယောင်ဖို့ ကိရိယာတွေဖြစ်တယ်၊ ထိုပေါင်းစပ်မှုတွေက ကြည့်ရှုသူကို အခြားရွေးချယ်စရာနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ပေးတယ်။

ဒါဟာအတွေးရဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ် အခြေခံပြီး စိတ်ကူးတစ်ခုလို ဖြစ်တယ်။ ဥပမာအားဖြင့် ကျွန်တော်ရေးခဲ့တဲ့ ပန်းချီကားတွေဖြစ်တဲ့  “Riding a purple unicorn in a lavender field at dawn”, “ Paul Smith searching for his lucky rabbits while travelling to Nottingham” ဒါမှမဟုတ် “ Kos walking through a bluebell forest in Belgium” (ကျွန်ုပ်ကိုယ်ပိုင်ပထမဆုံး self portraiture ဖြစ်တယ်) တို့ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ပန်းချီကားတစ်ချပ်ဖြစ်မယ်လို့ မျှော်လင့်ထားတာထက် ပိုပါတယ်၊ အကယ်၍ ကိုယ်ကအလုံအလောက်စဉ်းစားမယ်ဆိုရင် ဒါကကျွန်တော့်အတွက်တော့ ဒီပန်းချီကားတွေရဲ့အပြောင်ဆုံးရှုထောင့်ဖြစ်တယ်။

Paul Smith searching for his lucky rabbits while travelling to Nottingham Oil on canvas (Shape of a thought)

Kosရဲ့အလုပ်ကို အကောင်းဆုံးဖော်ပြတဲ့ စကားလုံး ၅ လုံး ။

စိတ္တဇ, ရောင်စုံ, ခေတ်ပြိုင်, ခေတ်သစ်နှင့် ထာဝစဉ်

The Dancers – Canvas on Oil

Kos မှာ ယနေ့အာရှနှင့် ကမ္ဘာတစ်ဝှမ်းမှာ စုဆောင်းသူတွေ ရှိတယ်။ Kos ကို ကမ္ဘာ့အကြီးဆုံးအနုပညာဝက်ဘ်ဆိုက်တွေမှာ ဖော်ပြထားတယ်။ ဒီလို အသိအမှတ်ပြုမှုက ဘယ်လိုခွန်အားဖြစ်စေသလဲ။

ကျွန်ုပ်ရဲ့အလုပ်ကို ဒေသအလိုက်နဲ့ နိုင်ငံတကာမှာ အသိအမှတ်ပြုကြပါတယ်။ ကျွန်တော်ရဲ့ ပန်းချီရဲ့နောက်ကွယ်ရည်ရွယ်ချက်က ကျွန်တော့် ရှုထောင့်ကို ဖော်ပြဖို့ ဖြစ်တယ်။ ဒီအမြင်အာရုံက Kosရဲ့ ထူးခြားတဲ့အမြင် ဖြစ်လာတဲ့ အတွက် ကျွန်တော့်ကမ္ဘာ့အမြင်ကို တည်ဆောက်ဖို့အရေးကြီးတယ်လို့ ကျွန်ုပ်ခံစားမိတယ်။ အကယ်၍ ကျွန်ုပ်ရဲ့လက်ရာကို အခြားသူတစ်ဦးကကြိုက်တယ်ဆိုရင် ဒါက ကျွန်တော့်အတွက် အမြင့်ဆုံးတန်ဖိုးဖြစ်ပါတယ်။

The Gamers – ပတ္တူပေါ်မှာဆီဆေး

သီရိလင်္ကာမှာရှိတဲ့ လက်ရှိအနုပညာမြင်ကွင်းပေါ်မှာ Kosရဲ့ခံစားချက်က ဘာလဲ။ Kosရဲ့ ဇာတိမြေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိခဲ့လား။ Kosမှာ အနုပညာရှင်သူငယ်ချင်း ရှိလား။

ကျွန်တော်သီရိလင်္ကာက ထွက်ခွာခဲ့တဲ့အချိန်တုန်းက အနုပညာမြင်ကွင်းက ကြီးကြီးမားမား မဟုတ်ခဲ့ပါဘူး။ 21နှစ်ကြာပါပြီ။ အနုပညာနှင့်ပြခန်းအသစ်တွေနှင့်အတူ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း သိသိသာသာပြောင်းလဲသွားတာကိုကျွန်ုပ် ၀မ်းသာပါတယ်။ ဆယ်စုနှစ်သုံးခုနီးပါးကြာဖြစ်ပွားခဲ့တဲ့ စစ်ဒဏ်ရာက နိုင်ငံက ရုန်းထွက်လာတာနဲ့အမျှ လူအများက သူတို့ရဲ့အချိန် (နှင့်ပိုက်ဆံ) တွေကို အနုပညာမှာ ရင်းနှီးမြှုပ်နှံနေကြတာကို တွေ့ရတယ်။

ကျွန်တော့်မိဘတွေက သီရိလင်္ကာမှာ နေတုန်းပဲ။ အခု သူတို့နည်းနည်းအိုလာတာနဲ့ တစ်နှစ်ကိုအနည်းဆုံးနှစ်ကြိမ်လည်ပတ်ဖို့ အချက်တစ်ချက် ကျွန်တော်လုပ်လိုက်တယ်။ ဤအချိန်ကို ကျွန်ုပ်ရဲ့အတန်းဖော်တွေ၊ သူငယ်ချင်းတွေနှင့်လည်းပြန်လည်ချိတ်ဆက်ဖို့အသုံးပြုတယ်။

ကျွန်တော်မှာ အဲ့ကာလတွေတုန်းက အနုပညာရှင် – မိတ်ဆွေနည်းနည်းပဲ ရှိတယ်။ အဲဒီအချိန်ကာလကအနုပညာရှင်တွေ သိပ်ပြီး အလုပ်မဖြစ်ကြပါဘူး။ နောက်ပိုင်းမှာ ကျွန်တော့်လိုပဲ သူတို့ထဲက အနည်းငယ်ကအနုပညာရှင်တွေ ဖြစ်လာပြီးသူတို့ရဲ့အလုပ်တွေကို ပြောင်းလဲခဲ့တယ်။  ကျွန်တော့ညီက သူတို့ထဲက လက်ရှိသီရိလင်္ကာမှာ အခြေစိုက်ပြီး အနုပညာရှင်တစ်ယောက်အနေနဲ့ အသက်မွေး ၀မ်းကျောင်းအလုပ်ကို လုပ်ကိုင်နေ ပါတယ်။

Larnce Armstrong – ပတ္တူပေါ်မှာဆီဆေး

Kosရဲ့ နောက်ထပ်တစ်ကိုယ်တော်ပြပွဲကို ဘယ်အချိန်၊ ဘယ်နေရာမှာ ကျွန်တော်တို့ တွေ့မြင်နိုင်မလဲ။

လက်ရှိ ကမ္ဘာကျန်းမာရေးအခြေအနေကြောင့် အချိန် အတိအကျ ပြောလို့မရသေးဘူး။ တကယ်တော့ဒါကကျွန်တော့်ရဲ့တီထွင်ဖန်တီးဖက်နဲ့ ဘယ်လ်ဂျီယံမှာပြပွဲဖွင့်ဖို့ ကျွန်တော့ရဲ့အစီအစဉ်ကို ထိခိုက်ခဲ့တယ်။ အခြေအနေကောင်းခဲ့ရင် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၁ အစောပိုင်းမှာပြသဖို့မျှော်လင့်ပါတယ်။

Kristal Blue – ပတ္တူစပေါ်မှာဆီဆေး

Kos ရဲ့ လက်ရာတွေကို online မှာကော ကြည့်လို့ ရနိုင်လား။ ရောင်းဖို့ရော ရှိပါသလား။

 

Saatchi အွန်လိုင်း။ ဒီမှာရှာနိုင်တယ်။ ကျွန်ုပ်ရဲ့ပန်းချီတွေကို ကျွန်ုပ်ရဲ့ ၀က်ဘ်ဆိုက် www.koscos.net မှာကြည့်ရှုနိုင်ပါတယ်။ ရွေးချယ်ထားတဲ့လက်ရာတွေကို Saatchi Art online Gallery မှာ ရရှိနိုင်တယ် (https://www.saatchiart.com/KosalaNamal)

Glamorous Yellow Lily  – Canvas အပေါ်ရေနံ

Kosရဲ့ ဘ၀ နဲ့လမ်းစဉ်ကို အနုပညာရှင်တစ်ယောက်အနေနဲ့ လှုံ့ဆော်ပေးခဲ့တဲ့ ဆရာတစ်ယောက်ကို ပြောပါဆိုရင် ဘယ်သူဖြစ်မလဲ။

ကျွန်တော့်အတွက် တစ်သက်လုံး လှုံ့ဆော်မှုပေးခဲ့တဲ့ ကျွန်တော့်အဖေ ဖြစ်ပါတယ်။ အသက် ၇၆ နှစ်ရှိပြီဖြစ်သော်လည်း ဘီးတပ်ကုလားထိုင်အသုံးပြုသူဖြစ်ပြီး ပန်းချီဆရာအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်တယ်။

Website: www.koscos.net

Instagram: https://www.instagram.com/koscos/?hl=en


 
Back to top