မြေထဲပင်လယ်အလယ်ပိုင်း ကျွန်းစုနိုင်ငံ Malta ရှိ ဇိမ်ခံဟိုတယ် ၄ ခု
ဒေသခံတစ် ဦး ကိုမေးမြန်းကြည့်ပါ။ သူတို့သည် Malta ၌ ကမ္ဘာပေါ်တွင်အကောင်းဆုံးရာသီဥတုရှိသည်ကို သင့်အားပြောပြလိမ့်မည်။ တစ်နှစ်ပတ်လုံးနေရောင်ခြည်ဖုံးလွှမ်းနေသော လူသိနည်းသည့် ကျွန်းလေးကို လူအများ အာရုံစိုက်လာကြသည်
Maltaနိုင်ငံသည် မြေထဲပင်လယ်ရှိ ဥရောပတောင်ပိုင်းကျွန်းတစ်ကျွန်းဖြစ်ပြီး ၎င်း၏အိမ်နီးချင်းနိုင်ငံများအတွက် ထူးခြားသည်။ အထူးသဖြင့် လှပသော ဟိုတယ်များနှင့် ဇိမ်ခံအပန်းဖြေစခန်းများ ရှိသည်။ ဒါကြောင့်ဒီအထူးဇိမ်ခံဟိုတယ်တွေနဲ့ ဝေးလံခေါင်သီသောနေရာကို သင့်အတွက် အထူးရွေးချယ်တင်ပြပါသည်။
မြေထဲပင်လယ်အလယ်ပိုင်း Malta ၏ ကျွန်းစုတစ်လျောက်ဇိမ်ခံဟိုတယ် ၄ ခု
Valletta – Maltaနိုင်ငံ

Royalty-free stock photo ID: 1032221677
Malta နိုင်ငံ၏ မြို့တော်သည် Grand Harbour နှင့်ပင်လယ်ရေမျက်နှာပြင်အထက်ရှိ Marsamxett ဆိပ်ကမ်းကြားရှိကျွန်းဆွယ်တွင် တည်ရှိသည်။ ဘီစီ ၂ ရာစုတွင် ရောမတို့၏ သိမ်းပိုက်မှုကြောင့် လမ်းများသည် ရောမဒီဇိုင်းပုံစံအတိုင်း တည်ဆောက်ထားသည်။
မြို့တော်မြို့ကြီးများထုံးစံအတိုင်း ကျစ်လစ်သိပ်သည်းသည်။ သို့သော် သမိုင်းနှင့်ယဉ်ကျေးမှု အရိပ်အရောင်များ ပြည့်နှက်နေသည်။ ဟိုတယ်ရွေးချယ်ရာတွင်လည်း ထိုအရာများကို ထည့်သွင်းစဉ်းစားသင့်သည်။ Casa Rocca Piccola ဟိုတယ်မှ စတင်လိုက်ရအောင်။
Casa Rocca Piccola
၁၆ ရာစု နန်းတော်ကြီးဖြစ်သော Casa Rocca Piccola သည် ရှေးဟောင်းစတိုင်နှင့် ပြည့်စုံပြီး Marquis နှင့် Marchioness de Piro တို့၏ အိမ်နေရာဖြစ်သည်။
ဤဖက်ရှင်ဟိုတယ်တွင် အများပြည်သူအတွက် အခန်းလေးခန်းသာရှိပြီး အခန်းများသည် ရောင်စုံလှပ၍ ကျယ်ဝန်းသည်။ တစ်ခန်းစီသည် ၎င်း၏ထူးခြားသောလက္ခဏာနှင့် ခမ်းနားသော အသွင်အပြင်ရှိပြီး သက်တောင့်သက်သာရှိပြီး ဆန်းပြားစွာ အလှဆင်ထားသည့် အိပ်ယာ ပါရှိသည်။
အခန်းတိုင်းသည် ငြိမ်းချမ်းသောအတွင်းပိုင်း အိမ်ရင်ပြင်ကို မျက်နှာရှုထားသည်။ နံနက်စာအဖြစ် အရသာရှိသည့် ဘူဖေးကို ပန်းဥယျာဉ်၌ အေးချမ်းစွာ စားနိုင်သည်။ အထူးအကြံပြုလိုသည်မှာဟိုတယ်သည်ပင်ပန်းနေသောခရီးသွားများအတွက်ငြိမ်းချမ်းသောနေရာတစ်ခုဖြစ်သည်။
Mdina – Maltaနိုင်ငံ

Royalty-free stock photo ID: 1032221677
Mdina သည် နောက်ထပ်ကမ္ဘာ့အမွေအနှစ် နေရာတစ်ခု ဖြစ်သည်။ ဤမြို့တော် သည် ၁၅၃၀ တွင် Valletta သို့ ပြောင်းလာခဲ့သည်။ မြို့၏အဝင်ဝ သည် Game of Thrones တီဗီစီးရီးတွင် ပါဝင်သည်။ မြို့၏ခိုင်ခံ့သောနံရံများကြောင့် တိတ်ဆိတ်သောမြို့ဟုလည်း ခေါ်တွင်ပြီး Mdina သည်မြင့်မားသောနေရာတွင် တည်ရှိသည့်အတွက် ကျေးလက်ဒေသ၏ရှုခင်းကိုကြည့်နိုင်သည်။
လှပသော cobbled ကျောက် လမ်း သည် တည်ငြိမ်အေးချမ်းမှုအပြည့်အဝ Baroque စတိုင် ရှိသည်အတွက်ရင်သပ်ရှုမောဖွယ်အဆောက်အ ဦး များ၏နေရာဖြစ်သည်။
Xara နန်းတော် Relais & Chateaux
Xara နန်းတော် သည် Malta ၏ မင်းမျိုးအနွယ်ဝင် မိသားစုများ၏အိမ်များဖြင့် ပတ်လည်ဝိုင်းနေသောနန်းတော်များအလယ်၌ တည်ရှိသော Madina မြို့၏ တစ်ခုတည်းသောဟိုတယ်ဖြစ်ပါသည်။
ဇိမ်ခံနေရာထိုင်ခင်းဆိုသည်မှာ အခန်းအားလုံးတွင် အဆင်ပြေစွာ ခံစားနိုင်သည့်မျက်နှာကျက်များရှိသည်။ အံ့သြစရာကောင်းသော ၁၈၀ ဒီဂရီမြင်ကွင်းရှိအခန်းမှာ တည်းပြီး လတ်ဆတ်သော လေများကို ရှုရှိုက်ပါ။
Suites အခန်းများတွင် အိပ်ခန်းအတွင်း၌ မတ်တပ်ရေချိုးနိုင်ရုံသာမက အပြင်ဖက်ရှုခင်းကို ခံစားနိုင်သည့် ပြတင်းပေါက်များ ပါဝင်သည်။ထို့ကြောင့် တစ်ချိန်တည်းမှာ ရေချိုး၍ ရှုခင်းများ ကြည့် နိုင်ပါသည်။
Attard – Maltaနိုင်ငံ

Royalty-free stock photo ID: 1585938775
Attard သည် Maltaအလယ်ပိုင်းရှိ Mdina နှင့် Valletta အကြားရှိ တိတ်ဆိတ်သည့် ရွာငယ်လေး ဖြစ်သည်။ Attard နှင့်၎င်း၏အိမ်နီးချင်းများဖြစ်သော Balzan နှင့် Lija တို့သည် အလွန်နီးကပ်စွာရှိပြီး တစ်နေရာတည်းလိုပင်ဖြစ်သည်။ Attard သည် ၎င်း၏ ပန်းပင်များနှင့် ပန်းဥယျာဉ်များကြောင့်လူသိများပြီး၊ လိမ္မော်ရောင်ပွင့်အနံ့ရှိသောကြောင့် Attard ကို ရောက်တာနဲ့ သင် Attard သို့ ၀င်ရောက်သည်ကို သင်သိပါမည် ။
Corinthia နန်းတော်ဟိုတယ် & Spa
ဟိုတယ်နှင့် spa သည် တစ်ချိန်က ရိုးရာလူနေအိမ်ဧရိယာတွင် သီးသန့်အိမ်ရာများဖြစ်သည်။ သမ္မတ၏ San Anton နန်းတော်နှင့် တစ်ဖက်တွင် တည်ရှိပြီး ဒီအချက်ကပဲ ဒီနေရာရဲ့ ထူးခြားမှုကို ပြသနေပါတယ်။
ဘားနှင့်ဒစ္စကိုအတွက် Attard ကိုမလာသင့်ပါ။ ၎င်းသည်ငြိမ်သက်အေးချမ်းသောနေရာဖြစ်သည်။ ဇိမ်ခံအနားယူခြင်းဆိုတာ ဒီနေရာရဲ့ အမည်နာမတစ်ခုပါပဲ။
London တွင်ရှိသော Corinthia ညီအစ်မဟိုတယ် ဖြစ်၍ ယခုဟိုတယ်လုပ်ငန်းအုပ်စုသည် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်သင့်သည်ကိုသိသည်။ စကျင်ကျောက်နဲ့ အလှဆင်ထားတဲ့ ဝင်ပေါက်က ၁၉ ရာစုပြန်လည်ပြုပြင်မွမ်းမံခဲ့သော အိမ်ယာဆီိသို့ သင့်ကို ခေါ်ဆောင်သွားမှာပါ။ အခန်းတိုင်းတွင် ပန်းဥယျာဉ်ကို ကြည့်နိုင်မည့် လှပသောလသာဆောင်ရှိပြီး ဥယျာဉ်အတွင်းမှာ ရေကန်ကြီးတစ်ခုရှိသည်။
ကမ္ဘာပေါ်ရှိ Corinthia ဟိုတယ်တိုင်းတွင် ဇိမ်ခံ spa တစ်ခုရှိသည်။ ကုန်းပြင်မြင့်တွေမှာ မနေချင်တော့ဘူးဆိုလျှင် Gozo ရှိ ကျွန်းတစ်ကျွန်းကို သွားရောက်ကြည့်ပါ။
Gozo – Malta

Royalty-free stock photo ID: 1137609560
Gozo ကျွန်းစုသည် ပိုသေးသောကျွန်းငယ်လေးဖြစ်ပြီး Malta ထက် ပို၍ အရှိန်အဟုန် ပိုနှေးသည်။ Ggantija Megalithic ဘုရားကျောင်းများဖြင့် ကျော်ကြားသော Gozo သည် Game of Thrones ၏ နောက်ခံဖြစ်သည်။ ကောလဟာလသတင်းများအရ Homer ရဲ့ Odyssey မှ Calypso ဟာ Gozo ရဲ့စိတ်ကြိုက် ဖန်တီးခဲ့သည်။
ဤသေးငယ်သောကျွန်းတွင်ဟိုတယ်အနည်းငယ်သာရှိသော်လည်းအကောင်းဆုံးမှာ San Lawrenz ရှိ Kempinski Hotel ဖြစ်သည်။
Kempinski ဟိုတယ် – San Lawrenz
အထပ်နိမ့် ကြယ်ငါးပွင့်ဟိုတယ်သည် အဏ္ဏဝါထိန်းသိမ်းစောင့်ရှောက်ရေးဧရိယာနှင့် ဒေသခံဆားလွင်ပြင်များနှင့်နီးကပ်သော Gozitan နှင့် San Lawrenz အကြားချိုင့်ဝှမ်း၏ ဘေးတွင်တည်ရှိသည်။
ဒေသကျောက်တုံးဖြင့် တည်ဆောက်ထားပြီး လှေကားထစ်ကြမ်းပြင်နှင့်ရိုးရာပရိဘောဂများသည် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု၏ ခံစားချက်ကို အပြည့်အဝ ရရှိနိုင်မည် ဖြစ်ပါသည်။
တင်းနစ်ကွင်းများ၊ spa များနှင့် မိုးလုံလေလုံ ရေကန်ကြီးများသည် နှစ်လိုဖွယ်ကောင်းသည့် အနေအထားနှင့်အညီဖြစ်သည်။ မြင့်မားသောစွန်ပလွန်ပင်များက ဟိုတယ်ပတ်၀န်းကျင် ၌ မြင့်မားသောဇိမ်ခံပစ္စည်းများနှင့်ခံစားချက်များကိုပေးသည်။
ဟိုတယ်အခန်းများသည်ကြီးမားပြီး ကြွေပြားများနှင့်ကော်ဇောများ ပါရှိသည်။ သင်မျှော်လင့်ထားသည့်အတိုင်း အခန်းအားလုံးတွင် လသာဆောင်များရှိပြီး ရေချိုးခန်းများမှာ ဖန်သားပြင်ပါ၀င်သော ရေချိုးခန်းများပါ၀င်သည်။ အသီးနှင့်ပန်းပွင့်အိတ်များကဲ့သို့ ဇိမ်ခံပစ္စည်းများသည် စံသတ်မှတ်ချက်ဖြစ်သည်။
Malta နှင့်အနီးရှိကျွန်းများသည် အလည်အပတ်ခရီးအတွက် တန်ဖိုးရှိသည်။ ကျွန်းတစ်ခုနှင့် တစ်ခု သွားရောက်လည်ပတ်ဖို့ အကြံပေးလိုပါသည်။ Malta လူမျိုးများသည် အိမ်နီးချင်းမြေထဲပင်လယ်ဒေသများသာမက အာဖရိကမှ သူတို့၏အချက်အပြုတ်သမိုင်းကြောင်းကို ယူဆောင်လာကြသည်။ ထို့ကြောင့် သင်သွားလေရာ အရသာရှိသော အစားအစာကို မျှော်လင့်နိုင်သည်။ Malta သည် လူသိပ်မသိသေးသည့် နေရာတစ်ခုဖြစ်ပြီး အစားအစာကောင်းနှစ်သက်သူတိုင်း သွားရောက်သင့်ပါသည်။
–
ဤဆောင်းပါးကို LUXUO မှရေးသားသည်။